Salah Abdeslam ဟာ ပဲရစ် တိုက်ခိုက်မှုရဲ့ အဓိက လက်သည်လို့ ပြင်သစ် အာဏာပိုင်တွေ ပြော

salah_abdeslam
Image caption ဘယ်လ်ဂျီယံ အာဏာပိုင် တွေ ရဲ့ စစ်ဆေး မေးမြန်း နေတာကို Salah Abdeslam ပူးပေါင်း ကူညီ နေ။

ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့ မှာ ပြီးခဲ့တဲ့ သောကြာနေ့ က ဖမ်းဆီး မိထားတဲ့ Salah Abdeslam ဟာ အရင်နှစ် နိုဝင်ဘာ လ တုန်းက လူပေါင်း ၁၃၀ သေဆုံး စေခဲ့တဲ့ ပဲရစ်မြို့ တိုက်ခိုက်မှု တွေ ထဲ အဓိက နေရာက ပါဝင်သူ ဖြစ်တယ် လို့ ပြင်သစ် အာဏာပိုင် တွေက ပြောပါတယ်။

Salah Abdeslam ဟာ ပဲရစ်မှာ အသေခံ ဗုံးခွဲခဲ့ကြ တဲ့ အဖွဲ့တွေ ကို စီမံ ခန့်ခွဲ ခဲ့တဲ့ အပြင်၊ တိုက်ခိုက် မှု တွေ အတွင်း လိုအပ် တဲ့ ပစ္စည်း ပစ္စယ တွေ ပံ့ပိုး တပ်ဆင် ပေးရာ မှာပါ အဓိက ကျသူ ဖြစ်တယ်လို့ ပြင်သစ် အစိုးရ ရှေ့နေက ပြောပါတယ်။

သူကိုယ်တိုင် အသေခံ ဗုံးခွဲဖို့ ပြင်ဆင် ထားပေမယ့် အသေခံ ဗုံး ခါးပတ် ကို ကိုယ်က ဖြုတ်ပြီး စွန့်ပစ် ခဲ့တယ် လို့ Salah Abdeslam က ထွက်ဆို ထားတယ် ဆိုပြီး အဲဒီ့ ပြင်သစ် အရာရှိက ဆိုပါတယ်။

ဘယ်လ်ဂျီယံ အာဏာပိုင် တွေ ရဲ့ စစ်ဆေး မေးမြန်း နေတာကို Salah Abdeslam ပူးပေါင်း ကူညီ နေတယ် ဆိုပြီး သူ့ရဲ့ ရှေ့နေ က အစောပိုင်းတုန်းက ပြောထားပါတယ်။

ဒါပေမယ့် ပြင်သစ် နိုင်ငံ ကို လွှဲပြောင်း မပေးဖို့ ဥပဒေကြောင်း အရ ရင်ဆိုင် သွားမယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ