ရုရှမှာ ခရီးသည်တင် လေယာဉ် ပျက်ကျ

  • 19 မတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption လေယာဉ်ပျက်ကျရာ နေရာတစ်ဝိုက် လေယာဉ်အပိုင်းအစများ ပြန့်ကျဲနေ

ရုရှနိုင်ငံတောင်ပိုင်း Rostov-on-Don မြို့ ကောင်းကင်ယံမှာ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါလာသူ ၆၂ဦးစလုံး သေဆုံးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၅၅ဉီးနဲ့ လေယာဉ် အမှုထမ်း ၇ဉီး စလုံး သေ ဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကအတည်ပြု ပြောခဲ့ ပါတယ်။

FlyDubai လေကြောင်းပိုင် ဘိုးအင်း ၇၃ရ လေယာဉ်ဟာ ဒူဘိုင်းကနေ Rostov-on-Don မြို့ ကို ပျံသန်းလာစဉ် အခုလိုပျက်ကျခဲ့ တာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်၅၅ယောက် ထဲမှာ ရုရှနိုင်ငံသား၄၄ဉီးနဲ့ အခြားနိုင်ငံခြားသား၆ဉီး ပါဝင်တယ်လို့သိရပါတယ်။ လေယာဉ်အမှုထမ်း ၇ဉီးကတော့ ၆ဉီးကရုရှ နိုင်ငံသားတွေဖြစ်ပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျမသိရသေးပဲ သေချာအောင် လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲရတယ်လို့ FlyDubai လေကြောင်းလိုင်းက ကြေညာချက်တစ်စောင် ချက်ခြင်းထုတ်ပြန်ခဲ့ပါတယ်။