ဘရပ်ဆဲလ်မှာ တိုက်ခိုက်မှု ထပ်လုပ်ဖို့ ကြံခဲ့တယ်လို့ Salah Abdeslam ပြောတယ်လို့ ဆို

salah_abdeslam_ ဓာတ်ပုံ မူပိုင် AP
Image caption ဘရပ်ဆဲလ် မှာ တစ်ခုခု ပြုလုပ်မယ် လို့ ကြံစည် နေခဲ့တယ် ဆိုတဲ့ ပြောစကား အပေါ် ဘယ်လ်ဂျီယံ အာဏာပိုင် တွေ က အလေးအနက် သဘောထား။

ဘယ်လ်ဂျီယံ အာဏာပိုင်တွေ ရဲ့ ဖမ်းဆီး တာ မခံရသေးခင် အချိန်မှာ Salah Abdeslm ဟာ ဘရပ်ဆဲလ် မြို့တော် မှာ တစုံတရာ ပြုလုပ်ဖို့ ထပ်မံ ကြံစည် နေခဲ့တယ် ဆိုပြီး ထွက်ဆို ထားကြောင်း ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီး ဒီဒီယေ ရိုင်းဒါးစ် က ပြောပါတယ်။

ပဲရစ် မြို့တော်ကို နိုဝင်ဘာ လတုန်းက တိုက်ခိုက်မှု တွေ ထဲ ပါဝင် ပတ်သက် နေသူ ဆိုပြီး သံသယ ရှိရတဲ့ Salah Abdeslm ကို ပြီးခဲ့တဲ့ သောကြာ နေ့တုန်းက ဘရပ်ဆဲလ် မှာ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။

Salah Abdeslm နဲ့ အတူ လက်နက် တွေလည်း သိမ်းဆည်း ရမိခဲ့တဲ့ အပြင်၊ ဘရပ်ဆဲလ် တခွင် သူ့ရဲ့ အဆက်အသွယ် ကွန်ရက် တွေ လည်း ရှိနေတဲ့ အတွက် ၊ ဘရပ်ဆဲလ် မှာ တစ်ခုခု ပြုလုပ်မယ် လို့ ကြံစည် နေခဲ့တယ် ဆိုတဲ့ ပြောစကား အပေါ် ဘယ်လ်ဂျီယံ အာဏာပိုင် တွေ က အလေးအနက် သဘောထား ကိုင်တွယ်နေတယ် ဆိုပြီး ဝန်ကြီး ရိုင်းဒါးစ် က ဆိုပါတယ်။

Salah Abdeslm ဟာ ပဲရစ် မြို့တော် တိုက်ခိုက်မှု အတွင်း ကိုယ်တိုင် အသေခံ ဗုံးဖောက်ခွဲ ဖို့ စီစဉ် ထားပြီး မှ စိတ်ပြောင်း ခဲ့တယ် လို့ ဝန်ခံ ထားတယ် ဆိုပြီး ပြင်သစ် အစိုးရ ရှေ့နေ တွေ က ပြော ခဲ့တဲ့ အပေါ် အဲဒီ့ ပြင်သစ် အစိုးရ ရှေ့နေတွေ ကို တရားစွဲ သွားမယ် လို့ Salah Abdeslm ရဲ့ ရှေ့နေ က အစောပိုင်း တုန်းကပဲ တုံ့ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ