အစ္စတန်ဘူလ်မြို့ခံ ဘောလုံးနှစ်သင်းရဲ့ ပွဲကို လုံခြုံရေး စိုးရိမ်ချက်နဲ့ ရွှေ့ဆိုင်း

  • 20 မတ် 2016
_istanbul_stadium
Image caption ကွင်းထဲကို နှစ်ဘက် အသင်း ပရိသတ်တွေ ၀င်ရောက် ခဲ့ပြီး ကာမှ ပွဲကို ရွှေ့ဆိုင်း လိုက်ကြောင်း ကြေညာ ခဲ့။

တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ စနေနေ့က အသေခံ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ပြီး နောက်တစ်နေ့မှာတော့ မြို့ခံ ပြိုင်ဘက် နာမည် ကြီး ဘော်လုံး အသင်း နှစ်သင်း ဖြစ်တဲ့ Galatasaray နဲ့ Fenerbahce တို့ ကန်ကြမယ့် ပွဲကို လုံခြုံရေး စိုးရိမ်မှု တွေ ကြောင့် တူရကီ အာဏာပိုင်တွေက ရွှေ့ဆိုင်း လိုက်ကြပါတယ်။

ကွင်းထဲကို နှစ်ဘက် အသင်း ပရိသတ်တွေ ၀င်ရောက် ခဲ့ပြီး ကာမှ ပွဲကို ရွှေ့ဆိုင်း လိုက်ကြောင်း ကြေညာ ခဲ့တာပါ။

စနေနေ့က အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့သူဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS နဲ့ ဆက်စပ် နေတဲ့ တူရကီ နိုင်ငံသား တစ်ဦး ဖြစ်တယ်လို့ တူရကီ အာဏာပိုင် တွေက ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှု အတွင်း သေဆုံး ခဲ့ကြတဲ့ လူ လေးဦး ထဲမှာ သုံးဦးက အစ္စရေး နိုင်ငံသား တွေ ဖြစ်ပြီး၊ အစ္စရေး အစိုးရက သူ့နိုင်ငံသားတွေ ကို တူရကီ ဆီ ခရီးမသွားကြဖို့ တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ