တူရကီက ရွှေ့ပြောင်းသူတွေ ဂရိကိုကူးလာနေဆဲ

ဓာတ်ပုံ မူပိုင် Getty
Image caption တူရကီ နဲ့ ဥရောပ သမဂ္ဂ တို့ အကြား သဘောတူညီ မှု ရခဲ့ပေမယ့် ဒုက္ခသည်တွေဟာ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ဂရိ နိုင်ငံကို လာရောက် နေဆဲ

ရွှေ့ပြောင်း သူ အရေး နဲ့ ပတ်သက်ပြီး တူရကီ နဲ့ ဥရောပ သမဂ္ဂ တို့ အကြား သဘောတူညီ မှု ရခဲ့ပေမယ့် ဒုက္ခသည်တွေဟာ ပင်လယ်ပြင်ကို ဖြတ်ကျော်ပြီး ဂရိ နိုင်ငံကို လာရောက် နေဆဲ ဖြစ်ပါတယ်။

လှေငယ် တစ်စီးမှာ လူ ၄၀ ကျော် လိုက်ပါလာပြီး အဲဒီ အထဲက ၁ နှစ် နဲ့ ၂ နှစ် အရွယ် ကလေး ၂ ယောက် ရေထဲ ပြုတ်ကျပြီး သေဆုံး ခဲ့ရတယ်လို့ မျက်မြင် တွေ့ ရှိသူတွေက ပြောပါတယ်။

သောကြာနေ့က တူရကီ နဲ့ ဥရောပ သမဂ္ဂ တို့ အကြား ဒုက္ခသည် ခိုလှုံခွင့် လျှောက်ထားမှု မရှိတဲ့ သူတွေနဲ့ ခိုလှုံခွင့် လျှောက်ထား ရာမှာ မအောင်မြင်တဲ့ သူတွေကို တူရကီ ဘက်ကို ပြန်လည်ပို့ဆောင် ဖို့ သဘောတူညီ ထားခဲ့တာ ဖြစ်ပါတယ်။

ဂရိ နိုင်ငံကို ဆိုက်ရောက် လာတဲ့ ဆီးရီးယား ဒုက္ခသည် တစ်ဦးက ဘာတစ်ခုမှ ရှင်းရှင်း လင်းလင်း မသိရသေးပဲ ဒုက္ခသည် စခန်းက လူတွေက အေသင် ကို ဒီည အရောက် သွားဖို့ပဲ ပြောနေတယ်လို့ ပြောပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်လာသူတွေဟာ ခိုလှုံခွင့် မရရှိရင် တူရကီ ဘက်ကို ပြန်ပို့ ခံရမယ်ဆိုတာ သိပုံ မရဘူးလို့ ဂရိ နိုင်ငံမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ