အင်ဒိုနီးရှားမှာ တက္ကဆီမောင်း သမားတွေ ဆန္ဒပြ

  • 22 မတ် 2016
Traffic Jam in Indonesia
Image caption အငှားကားသမားတွေ ဆန္ဒ ပြလို့ ဂျာကာတာမှာ ကားလမ်းတွေ ပိတ်နေ

အင်ဒိုနီးရှားနိုင်ငံက အငှားကားမောင်းသမားတွေက တက္ကဆီ ကားတွေကို မိုဘိုင်းဖုန်းတွေ ကနေ အလွယ်တကူ ခေါ်နိုင်တဲ့ apps တွေကြောင့် သူတို့စီးပွားရေး ထိခိုက်တယ် ဆိုပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဆန္ဒပြရာမှာ မပါတဲ့ ကားသမားတွေရဲ့ အငှားကားတွေကို ဆန္ဒပြသူ တချို့က တိုက်ခိုက်ခဲ့ပါတယ်။

ဆန္ဒပြမှု တွေကြောင့် ဂျာကာတာမြို့တော် က တချို့နေရာတွေမှာ ကားအသွားအလာတွေ ပိတ်ဆို့ ရပ်တန့်သွားခဲ့ပါတယ်။

ကားလမ်းမှာ ပိတ်မိနေလို့ ဘယ်မှာ သွားလာလို့ မရ ဖြစ်နေခဲ့သူတွေထဲမှာ သမ္မတ သမ္မတ ဂျိုကို ဝီဒိုဒိ ကိုယ်တိုင်တောင် တောင် ပါခဲ့ ပါတယ်။

Grab နဲ့ Uber တို့လို မိုဘိုင်း apps တွေကြောင့် အာရှနဲ့ တခြား ကမ္ဘာ့နိုင်ငံတွေက ခရီး သွားလာရေး လုပ်ငန်းတွေ ကိုလည်း ထိခိုက်မှုတွေ ဖြစ်စေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ