ဘရပ်ဆဲလ်ကို တိုက်ခဲ့တဲ့ လက်သည်တွေ ဖေါ်ထုတ်

1_brussels_attackers_ ဓာတ်ပုံ မူပိုင်
Image caption သူတို့ ဖော်ထုတ်နိုင်သူ နှစ်ယောက်စလုံး ဘယ်လ်ဂျီယံ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

ဘရပ်ဆဲလ် မြို့တော်မှာ မတ်လ ၂၂ ရက် အင်္ဂါနေ့က အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့သူ သုံးယောက်ထဲမှာ နှစ်ယောက်ကို ဘယ်သူ ဘယ်ဝါဆိုတာ ဖော်ထုတ် သိရှိရပြီလို့ ဘယ်လ် ဂျီယံက အစိုးရ ရှေ့နေတွေက အတည်ပြု ပါတယ်။

ဒါပေမဲ့ အသက်မသေဘဲ ကျန်နေတဲ့ တိုက်ခိုက်သူ တစ်ယောက်ကတော့ လွတ်မြောက် နေသေးတယ်လို့ ပြောပါတယ်။

သူတို့ ဖော်ထုတ်နိုင်သူ နှစ်ယောက်စလုံး ဘယ်လ်ဂျီယံ နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

Maelbeek မြေအောက်ဘူတာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သူဟာ Khalim el Bakraouie ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သူနဲ့ ညီအစ်ကို တော်သူ Ibrahim က တော့ ဘယ်သူတွေမှန်း မဖော်ထုတ်နိုင်သေးတဲ့ နောက် လူနှစ်ယောက်နဲ့ အတူ Zaventem လေဆိပ်ကို ဗုံးခွဲ တိုက်ခိုက် ခဲ့ပါတယ်။

အဲဒီထဲက တစ်ယောက်က သေဆုံး သွားခဲ့ပေမယ့် နောက်တစ်ယောက် က သူ့ဗုံး မပေါက်ကွဲဘဲ လွတ်မြောက် သွားခဲ့ပါတယ်။

ဘရပ်ဆဲလ်မှု ဗုံးကွဲမှု တွေ အတွင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၄ ယောက် သေဆုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ