IS ချေမှုန်းရေး ဥရောပကို ကန်တိုက်တွန်း

  • 23 မတ် 2016
islamic state ဓာတ်ပုံ မူပိုင် AFP
Image caption IS အဖွဲ့ ချေမှုန်းရေး ကန် နံပါတ်တစ် ဦးစားပေး

ဥရောပ နိုင်ငံ တွေ အနေနဲ့ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကို ပိုပြီး ချေမှုန်း တိုက်ခိုက်ဖို့ လိုနေသေးတာကို ဘရပ်ဆဲ တိုက်ခိုက်ခံရမှုက ပြသ လိုက်တာ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ် ကာတာ က ပြောပါတယ်။

ဒီဘာသာရေး စစ်သွေးကြွတွေ ချေမှုန်းရေးကို အမေရိကန် လုပ်သလိုပဲ ဥရောပ ကလည်း အရှိန်မြှင့် လုပ်ဆောင်သင့်တယ် လို့ မစ္စတာ ကာတာ က ပြောကြား ခဲ့တာပါ။

အမေရိကန် သမ္မတ အိုဘားမားက လည်း IS အဖွဲ့ ကို ချေမှုန်းရေးက နံပါတ် တစ် ဦးစားပေး ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

IS ချေမှုန်းရေး အတွက် နည်းလမ်း ရှိသမျှ နဲ့ သူ့အစိုးရက ကြိုးစား နေပါတယ် ၊ဒါပေမဲ့ တန်ပြန် အကျိုး ယုတ် စေမယ့် နည်းလမ်းတွေကို တော့ သူတို့ မသုံးဘူးလို့ အိုဘားမား က ဆိုပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ ဗုံးကြဲ တိုက်ခိုက်ရုံနဲ့ IS ကို ချေမှုန်းနိုင်မယ် ထင်ရင် မှားလိမ့်မယ် လို့လည်း မစ္စတာ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ