ထရမ့်နဲ့ ကလင်တန် နိုင်ပွဲဆက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ်နယ်လ် ထရမ့် နဲ့ ဟီလာရီ ကလင်တန် တို့ အရီဇိုးနား ပြည်နယ်မှာ အနိုင်ရ။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း တွေ အဖြစ် ယှဉ်ပြိုင်ခွင့် ရဖို့ ထိပ်က ပြေးနေကြတဲ့ ဒေါ်နယ်လ် ထရမ့် နဲ့ ဟီလာရီ ကလင်တန် တို့ အရီဇိုးနား ပြည်နယ် ပရိုင်မာရီမှာ အနိုင်ရ ခဲ့ကြပါတယ်။

ပြည်နယ် အလိုက် ရွေးကောက်ပွဲ တွေ ကိုကြည့်ရင် တချို့ ပြည်နယ်တွေ မှာ ရှုံးခဲ့တာ မျိုး ရှိနေပေမယ့် စုစုပေါင်း အနိုင်ရတဲ့ စာရင်းမှာတော့ သူတို့ နှစ်ယောက် စလုံး ရှေ့က ဦးဆောင် နေတုန်း ဖြစ်ပါတယ်။

မစ္စစ် ကလင်တန်က အရီဇိုးနား ပြည်နယ်က ရလဒ်ကို အားရ ကျေနပ်တယ် လို့ ကြောင်း သူ့ကို ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

ယူထာ နဲ့ အိုင်ဒဟို ပြည်နယ် ရွေးကောက်ပွဲ တွေ မှာတော့ မစ္စစ် ကလင်တန်က ပြိုင်ဘက် ဘာနီ ဆဲန်ဒါစ် ကို မနိုင်ခဲ့ပါဘူး။

ရီပတ်ဘလေကန် ပါတီ ဘက်မှာလည်း ယူထာမှာ မစ္စတာ ထရမ့်ပ်ကို တက်ဒ်ခရုဇ် က အနိုင်ရရှိ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ