ဥရောပ မကြုံစဖူး အန္တရာယ် တွေ့နေကြောင်း ယူရိုပိုလ် အကြီးအကဲ သတိပေး

_rob_wainright_europol_director
Image caption IS အဖွဲ့ရဲ့ ဗျူဟာသစ် အရ အနောက်နိုင်ငံ တွေ ထဲ တိုက်ခိုက်မှု တွေ ကျူးလွန်

ဆီးရီးယား နိုင်ငံ က ပြန်ရောက် လာကြတဲ့ အစ္စလာမ်မစ် တိုက်ခိုက်ရေး သမားတွေ ကြောင့် ဥရောပ နိုင်ငံတွေဟာ မကြုံစဖူး အန္တရာယ်နဲ့ ရင်ဆိုင် နေကြတယ် လို့ ဥရောပ ရဲတပ်ဖွဲ့ ယူရိုပိုလ် ရဲ့ ညွှန်ကြားရေးမှုး Rob Wainright က သတိပေး လိုက်ပါတယ်။

ဥရောပ နိုင်ငံတွေ က လူပေါင်း ၅ ထောင်လောက် အစွန်းရောက် ဝါဒထဲ အသိမ်းသွင်း ခံခဲ့ရပြီး အခုဆိုရင် အဲဒီ့သူတွေ ဟာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ ဗျူဟာသစ် အရ အနောက်နိုင်ငံ တွေ ထဲ တိုက်ခိုက်မှု တွေ ကျူးလွန် ကြတာတွေ ထဲ ပါဝင် ပတ်သက် နေတယ် လို့ မစ္စတာ ဝိန်းရိုက်ထ် က ဘီဘီစီ ကို ပြောပါတယ်။

အင်္ဂါ နေ့တုန်းက ဖြစ်ပေါ် ခဲ့တဲ့ ဘရပ်ဆဲလ်မြို့ အတိုက်အခိုက် ခံခဲ့ရမှု အတွင်း ထိခိုက် ဒဏ်ရာ ရခဲ့ ကြရ သူတွေ အများအပြား ကို အထူး ကြတ်မတ် ကုသ ပေးနေရဆဲ ဖြစ်ပါတယ်။

သေဆုံး စာရင်း ထပ်တိုး လာနိုင်တယ် လို့ ဘယ်လ်ဂျီယမ် အာဏာပိုင်တွေက သတိပေး ထားပါတယ်။

အင်္ဂါ နေ့ က ဘရပ်ဆဲလ် ရဲ့ လေဆိပ်နဲ့ မြေအောက် ဘူတာရုံ မှာ ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှု တွေ ကြောင့် ၃၁ ယောက် သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဒဏ်ရာ ရခဲ့ ကြရပါတယ်။

ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ ဝင် နိုင်ငံတွေရဲ့ ပြည်ထဲရေး နဲ့ တရားရေး ဌာန ဝန်ကြီး တွေဟာ မတ်လ ၂၄ ရက် ကြာသာပတေးနေ့ မှာ ဘရပ်ဆဲလ် မြို့မှာ တွေ့ဆုံပြီး အကြမ်းဖက် ပြဿနာ ကိုင်တွယ်ရေး ဆွေးနွေး ကြဖို့ ရှိပါတယ်။

ဒီ အချိန်မှာပဲ၊ ဘယ်လ်ဂျီယံ ရဲတွေ ကတော့ ဗုံး မပေါက် ပဲ အသက်ရှင်လျက် လွတ်မြောက် နေဆဲ လေးယောက်မြောက် အသေခံ ဗုံးခွဲသမား ကို လိုက်လံ ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

ဒါ့အပြင့် မြေအောက်ဘူတာရုံ တိုက်ခိုက်မှု မှာ အားပေး ကူညီသူ နောက်တစ်ဦး လည်း ရှိနေသေးတယ် လို့ အတည် မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ