ဆာ့ဘ်ခေါင်းဆောင် ကာရာဒစ်ကို ထောင်ဒဏ် အနှစ်၄၀ ချမှတ်

  • 24 မတ် 2016
 Karadzic ဓာတ်ပုံ မူပိုင် Reuters
Image caption မွတ်ဆလင်မ် ၃ သောင်း ကျော် သတ်ဖြတ် ခံခဲ့ရတာ ဟာ ရာဒိုဗန် ကာရာဒစ် က တိုက်ရိုက် ခိုင်းစေ ညွှန်ကြား မှု ကြောင့် ဖြစ်တယ် ဆိုပြီး စွပ်စွဲ ခံထားရ။

ဘော့စနီးယား ဆာ့ဘ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကာရာဒစ် ဟာ လူမျိုးတုံး သတ်ဖြတ် မှု အပါအဝင် တခြား စစ်ရာဝတ်မှု တွေ ကျူးလွန် ခဲ့မှု တွေ အတွက် အပြစ် ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ် အနှစ် ၄၀ ချမှတ် လိုက်ပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အရေးအကြီးဆုံး စစ်ရာဇဝတ်မှု ဆိုင်ရာ ကြားနာမှု တွေ ထဲက တစ်ခု ဖြစ်တဲ့ ဘော့စနီးယား ဆာ့ဘ် ခေါင်းဆောင်ဟောင်း ရာဒိုဗန် ကာရာဒစ် အပေါ် စစ်ဆေး ကြားနာ နေမှု ကို မတ်လ ၂၄ ရက် ကြာသာပတေး နေ့မှာ စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် တွေ မှာ ဖြစ်ပေါ် ခဲ့တဲ့ ဘော့စနီးယား စစ်ပွဲ အတွင်း စစ်ရာဝတ်မှု တွေ ကျူးလွန် ခဲ့တယ် ဆိုတဲ့ စွဲချက် ပေါင်း များစွာ နဲ့ ရာဒိုဗန် ကာရာဒစ် ကို ရုံးတင် စစ်ဆေးခဲ့တာပါ။

ဘော့စနီးယား စစ်ပွဲ ၃ နှစ်ခွဲကို ကာလ အတွင်း လူပေါင်း အနည်းဆုံး တစ်သိန်း သေဆုံး ခဲ့ ရပါတယ်။

ဆာ့ဘ် မျိုးနွယ် မဟုတ်သူ သိန်းပေါင်း များစွာ သူတို့ နေအိမ်တွေက နှင်ထုတ် ခံခဲ့ရ ပြီး၊ မွတ်ဆလင်မ် ၃ သောင်း ကျော် သတ်ဖြတ် ခံခဲ့ရတာ ဟာ ရာဒိုဗန် ကာရာဒစ် က တိုက်ရိုက် ခိုင်းစေ ညွှန်ကြား မှု ကြောင့် ဖြစ်တယ် ဆိုပြီး ဆုံးဖြတ် နိုင်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ