ဘရပ်ဆဲလ် စီးနင်းမှုတွေ အတွင်း လူ၂ ယောက်ကို ပစ်ခတ် ဖမ်းဆီး

  • 25 မတ် 2016
belgium_raid ဓာတ်ပုံ မူပိုင် iTELE
Image caption သောကြာနေ့ စီးနင်းမှုတွေ အတွင်း စုစုပေါင်း လူ ၃ ဦး ဖမ်းဆီးခံရ။

အကြမ်းဖက် နှိမ်နှင်ရေး အတွက် ဘရပ်ဆဲလ်မြို့မှာ ပြုလုပ် ခဲ့တဲ့ ဝင်ရောက် စီးနင်းမှု တွေ အတွင်း ပစ်ခတ်မှု တွေ ရှိခဲ့ပြီး ဘယ်လ်ဂျီယံ ရဲတွေ ရဲ့ လက်ချက် နဲ့ မသင်္ကာဖွယ်ရာ လူ နှစ်ဦး သေနတ်ထိမှန် ဒဏ်ရာရ ခဲ့ ပါတယ်။

အဲဒီ့ နှစ်ဦး အပါအဝင် စုစုပေါင်း ၃ ဦး ကို သောကြာနေ့ စီးနင်းမှု တွေ အတွင်း ဖမ်းဆီး ခဲ့တယ် လို့ ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေတွေ က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ဘရပ်ဆဲလ်မြို့တော်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး တဲ့နောက် အခုလို ဝင်ရောက် စီးနင်းတာတွေ ပြုလုပ် လာတာ ဖြစ်ပါတယ်။

ပြင်သစ် နဲ့ ဂျာမနီ နိုင်ငံ တွေ မှာလည်း နောက်ထပ် ဖမ်းဆီးမှု တွေ ပြုလုပ် ခဲ့ပါတယ်။

ဘရပ်ဆဲလ်နဲ့ ပဲရစ်မြို့ တိုက်ခိုက်မှု တွေကို ပြုလုပ်ခဲ့တဲ့ လက်နက်ကိုင် ကွန်ရက်ကို အလုံးစုံ ဖျက်စီး နိုင်လိုက်ပြီ လို့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောပါတယ်။

ဒါပေမယ့် အလားတူ ကွန်ရက် တွေ ရှိနေနိုင်တယ် ဆိုပြီးတော့လည်း မစ္စတာ အိုလော်န့် က သတိပေး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ