တရုတ် website ဝန်ထမ်းတွေကို ဖမ်းဆီး

တရုတ်သမ္မတ ရှီကျင်ပင်း နှုတ်ထွက်ဖို့ တောင်းဆိုတဲ့ စာတစောင် တရုတ်အစိုးရ အာဘော် website တခုမှာ ပေါ်လာခဲ့ပြီးတဲ့နောက် တရုတ်မှာ အဲဒီကိစ္စနဲ့ ဆက်နွယ်ပြီး လူ အယောက် ၂၀ ကျော်ဖမ်းဆီး ထားပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဟာ အာဏာတွေ ကို သူ့ လက် ထဲမှာ စုပုံကိုင်ထားပြီး လွတ်လပ်စွာ ပြောဆိုမှု ကို ထပ်ပြီး ထိန်းချုပ်နေတယ်

မတ်လ အစောပိုင်းလောက် က တရုတ် အစိုးရ အာဘော်တွေ ရေးသားပြီး တရုတ်အစိုးရ ရဲ့ website ဖြစ်တဲ့ Wujie သတင်းစာမျက်နာမှာ အဲဒီ စာ ပေါ်လာခဲ့ပါတယ်။

ချစ်ခင်ရသော ရဲဘော်ကြီး ရှီကျင်ပင်း တို့ ဟာ ကွန်မြူနစ်ပါတီ ကိုအလွန်သစ္စာရှိကြတဲ့ ရဲဘော်တွေ ပါလို့ အစချီရေးသားထားတဲ့ ဒီစာမှာ သူ့ ကို ပါတီကတော နိုင်ငံအစိုးရတာ ဝန်တွေ ကနေနှုတ်ထွက်ပေးဖို့ တောင်းဆိုထားတဲ့ စာပါ။

ဒီစာက အဲဒီ တရုတ်အစိုးရ အာဘော်တွေ ရေးသားနေတဲ့ Wujie website မှာ ခဏပေါ်လာပြီး ဖျက်တာ ခံလိုက်ရပါတယ်။

ဒါပေမယ့် အဲဒီတုန်းက သိမ်းထားကြသေးတဲ့ စာ ကတော့အွန်လိုင်းမှာ ပျံ့နေဆဲပါ။

နိုင်ငံအများစုမှာတော့ ဒီလိုစာမျိုးဟာ ဘာမှလူသိပ်စိတ်မ၀င်စား တဲ့ နိုင်ငံရေးအရ တောင်းဆိုကြတဲ့စာမျိုးပါ။

တခုရှိတာ ကတော့ ဒီစာ က နိုင်ငံခြားမှာအခြေစိုက်ပြီး တရုတ်ဘာသာနဲ့ ရေးသားတဲ့ ၀က်ဆိုဒ်တခုမှာ စပေါ်တာပါ၊ နောက်ပြီးမှ အခုန အစိုးရ website ဆီ ရောက်သွားတာပါ

အခု လူ ၂၉ ကျော်အစိုးရ က ဖမ်းထားပြီးအဲဒီသူတွေထဲ နာမယ်ကျော်တဲ့ ဆောင်းပါးရှင် Jia Jia တယောက်လည်း ပါဝင်ပါတယ်။

အစိုးရ က အွန်လိုင်းမှာ အဲဒီ သတင်းပေါ်လာတော့ အဲဒါဆို Wujie က သတင်းအယ်ဒီတာ ကို ဖမ်းလိုက်ပေါ့လို့ ပြောရုံနဲ့ အဖမ်းခံထိသွားတာ လို့ နီးစပ်သူတွေ က ပြောပါတယ်။

Wujie က အမည်မဖော်လိုတဲ့ ဝန်ထမ်းတယောက် တယောက် ကို ဘီဘီစီ က မေးတဲ့အခါမှာ တော့ နောက်ထပ် ၁၆ ယောက်အဖမ်းခံထားရတယ်။

အဲဒီထဲမှာ ဝူဂျေ ကထိပ်တန်းအဆင့်မန်နေဂျာတွေ အယ်ဒီတာ တွေအပါအဝင် ဝန်ထမ်း ၁၀ ဦး ပါတယ်လို့ လို့ သိရပါတယ်။

အမေရိကန် မှာ ခိုလှုံနေပြီး လူသိများတဲ့ တရုတ် အစိုးရ ဆန့်ကျင်သူ ဝန်ယွန်ချောင် ကလည်း တရုတ်မှာ ကျန်ခဲ့တဲ့ သူ့မိဘ ၂ပါးနဲ့ သူနဲ့ ညီအကို ဖြစ်သူကို ဖမ်းထားတယ် သူ့ ကိုဖိအားပေးတဲ့အနေနဲ့ ဖမ်းထားကြတာလို့ တကယ်က ဒီစာ ကိစ္စ သူ ဘာမှ မသိပါဘူး လို့ ပြောပါတယ်။

အခု ဒီ စာထဲမှာ သမ္မတ ဟာ အာဏာတွေ ကို သူ့ လက် ထဲမှာ စုပုံကိုင်ထားပြီး လွတ်လပ်စွာ ပြောဆိုမှု ကို ထပ်ပြီး ထိန်းချုပ်နေတယ် လို့ လည်း ရေးထားပါတယ်။

အရင်လတုန်း က အစိုးရပိုင် တီဗီနဲ့ သတင်းစာကို သမ္မတရှီကျင်းပင် သွားလည် တုန်း က သတင်းထောက်တွေရဲ့အဓိက တာဝန် ဟာ ကွန်မြူနစ် ပါတီ ကို လိုက်နာဖို့ ပဲလို့ ပြောခဲ့တာ လည်း ရှိတော့ စာထဲက အချက်တွေ

ဟာ အဲဒါတွေ ကို လည်း ရည်ညွှန်းထား ပုံရ သလို သမ္မတရှီကျင်းပင် အစိုးရ ကလည်း ဒီအရေးအပေါ် အရေးတကြီးလုပ်နေပုံ ရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ