လူ့အခွင့်အရေး ကောင်စီဟာ အစ္စရေးအပေါ် ဆန့်ကျင်စိတ် ရှိတယ်လို့ စွပ်စွဲခံရ

  • 25 မတ် 2016
_israel_ ဓာတ်ပုံ မူပိုင် AFP
Image caption ဂျုးအခြေစိုက် အိမ်ယာ တွေ မှာ စီးပွားရေး လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အားလုံးရဲ့ အသေးစိတ် အချက်လက်တွေကို မှတ်တမ်း ထားရှိဖို့ လူ့အခွင့်အရေး ကောင်စီ က ဆုံးဖြတ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီ ဟာ အစ္စရေး နိုင်ငံ အပေါ် ဆန့်ကျင်ရေးစိတ် ပြင်းပြင်း ထန်ထန် ရှိနေတယ် လို့ ကုလသမဂ္ဂ ဆိုင်ရာ အစ္စရေး သံအမတ်က စွပ်စွဲ လိုက်ပါတယ်။

ပါလက်စတိုင်း ပိုင်နက် နယ်မြေတွေ အတွင်းက ဂျုးအခြေစိုက် အိမ်ယာ တွေ မှာ စီးပွားရေး လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အားလုံးရဲ့ အသေးစိတ် အချက်လက်တွေကို မှတ်တမ်း ထားရှိဖို့ လူ့အခွင့်အရေး ကောင်စီ က ဆုံးဖြတ် ခဲ့တဲ့ အပေါ် အစ္စရေးဘက်က တုံ့ပြန်လာတာ ဖြစ်ပါတယ်။

ဂျူးအခြေစိုက် အိမ်ယာတွေ မှာ ဘဏ်လုပ်ငန်း ကစလို့၊ ဆောက်လုပ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင် နေကြတဲ့ အစ္စရေးပိုင် ကုမ္ပဏီတွေ အပြင် နိုင်ငံတကာ ကုမ္ပဏီ တွေကိုပါ မှတ်တမ်း ထားရှိမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး ကောင်စီ ရဲ့ ဆုံးဖြတ်ချက် ဟာ ပါလက်စတိုင်း ပြည်သူတွေ အတွက် မျှော်လင့်ချက် ပဲလို့ ကုလသမဂ္ဂ ဆိုင်ရာ ပါလက်စတိုင်း သံအမတ်ကတော့ ကြိုဆို ခဲ့ပါတယ်။

ဂျူး အခြေစိုက် အိမ်ယာ တွေ ဟာ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဘူး ဆိုတဲ့ အချက်အပေါ် အစ္စရေး က သဘောမတူ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ