IS အဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးလို့ ခေါ်ဆိုနိုင်သူ သေဆုံးကြောင်း အမေရိကန်ပြော

ash_carter ဓာတ်ပုံ မူပိုင် Getty
Image caption IS အဖွဲ့ရဲ့ ကက်ဘိနက် ဝန်ကြီး တွေ သဖွယ် သတ်မှတ်နိုင်တဲ့ ခေါင်းဆောင်ပိုင်း ကို အမေရိကန် တပ်ဖွဲ့က စံနစ်တကျ နဲ့ သုတ်သင် ရှင်းလင်း နေတယ် လို့ မစ္စတာ ကာတာ က ဆိုပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ ဘဏ္ဍာရေး ဝန်ကြီး သဖွယ် ယူဆနိုင်တဲ့ IS ထိပ်တန်း ခေါင်းဆောင် ကို အမေရိကန် စစ်တပ်က သတ်ဖြတ် နိုင်ခဲ့တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန် ကာတာ က ပြောပါတယ်။

ဝန်ကြီး ကာတာ က အဲဒီ့သူ ကို ဟာဂျီ အီမန် လို့ ခေါ်ဝေါ် သုံးစွဲ ခဲ့ပြီး တကယ့် နာမည် အရင်းကတော့ Abd ar-Rahman Mustafa al-Qaduli ဖြစ်ပါတယ်။

ဘယ်နေရာမှာ ဘယ်လို ဘယ်ပုံ သုတ်သင် ခဲ့တယ် ဆိုတဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ မထုတ် ပြန်ပါဘူး။

ဒါပေမယ့် IS အဖွဲ့ရဲ့ ကက်ဘိနက် ဝန်ကြီး တွေ သဖွယ် သတ်မှတ်နိုင်တဲ့ ခေါင်းဆောင်ပိုင်း ကို အမေရိကန် တပ်ဖွဲ့က စံနစ်တကျ နဲ့ သုတ်သင် ရှင်းလင်း နေတယ် လို့ မစ္စတာ ကာတာ က ဆိုပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း IS အဖွဲ့ရဲ့ စစ်ရေး ဝန်ကြီး လို့ ခေါ်နိုင်တဲ့ အိုမာ အယ်လ်-ရှီရှာနီကို သတ်ဖြတ် င်ခဲ့တယ်လို့ အမေရိကန် ပဲန်တဂန် စစ်ဌာနချုပ်က ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ