ရိုးလင်းစတုန်းအဖွဲ့ ကျုးဘားမှာ ဖျော်ဖြေ

  • 26 မတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ကျုးဘားပရိသတ်တွေကို စပိန်စကားနဲ့ မစ်ဂျက်ကာနူတ်ခွန်းဆက်

ကျုးဘား နိုင်ငံမြို့တော် ဟာဗားနားမှာကျင်းပတဲ့ ကမ္ဘာကျော်တေးဂီတ အဖွဲ့ ရိုးလင်းစတုန်း ရဲ့ ဂီတပွဲကို ကျုးဘား ပရိသတ်သိန်းနဲ့ ချီ လာရောက်အားပေးခဲ့ ကြပါတယ်။

နိုင်ငံခြားက ရော့ခ်ဂီတတွေကို ကွန်မြူနစ်နိုင်ငံ ကျုးဘားမှာ ပိတ်ပင်ထားခဲ့တာ ဆယ်စု နှစ်များစွာကြာခဲ့ပါပြီ။

အမေရိကန်သမ္မတ အိုဘားမား ကျုးဘားနိုင်ငံကို သမိုင်းဝင်လည်ပတ်ခဲ့ပြီး ရက်ပိုင်းအကြာ မှာ ဒီဂီတပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ဂီတပွဲကို ဟာဗားနားက ပရိသတ် လေးသိန်းခွဲဆန့်တဲ့ Ciudad Deportiva ကွင်းကြီးမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး သိန်းနဲ့ချီတဲ့ ကျုးဘားပရိတ်သတ်တွေ ဟာ ကွင်းထဲကိုရောက် ဖို့ နာရီများစွာ တန်းစီ စောင့်ခဲ့ကြရပါတယ်။

ပွဲစအပြီးမှာ အဆိုတော် မစ်ဂျက်ကာက ဟယ်လို ဟာဗားနား မင်္ဂလာညနေခင်းပါ ကျွန်တော့်ရဲ့ ကျုးဘားပြည်သူတွေလို့ နူတ်ခွန်းဆက် စကားပြောခဲ့ပါတယ်။Sympathy for the Devil and Satisfaction သီချင်းတွေ အပါအဝင် စုစုပေါင်း သီချင်း ၁၈ပုဒ် ကို ရိုးလင်းစတုန်း အဖွဲ့က သီဆိုပေးခဲ့ပါတယ်။