ပါလ်မိုင်းရားမြို့ အစိတ်အပိုင်းတချို့ ပြန်သိမ်းနိုင်ပြီလို့ ဆီးရီးယားအစိုးရ ကြေညာ

syria_palmyra
Image caption ပါလ်မိုင်းရား ရဲ့ ရပ်ကွက် ၃ ခုကို အစိုးရတပ်က အလုံးစုံ ထိန်းချုပ် နိုင်။

ဆီးရီးယား နိုင်ငံက လာတဲ့ သတင်းတွေ အရ ဆီးရီးယား အစိုးရ တပ် နဲ့ အစိုးရကို လိုလားတဲ့ လက်နက်ကိုင် တွေဟာ ရုရှား တို့ရဲ့ လေကြောင်း ပစ်ကူတွေ နဲ့ ရှေးဟောင်း မြို့ ပါလ်မိုင်းရားရဲ့ အစိတ်အပိုင်း တချို့ကို အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS တို့ လက်ထဲကနေ ပြန်လည် သိမ်းယူ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပါလ်မိုင်းရား မြို့ ထဲ ဖြစ်ပေါ် နေတဲ့ ပေါက်ကွဲမှု တွေ နဲ့ အဆောက်အဦ တွေအထက် မီးခိုးတွေ တလူလူ တက်နေတာ တွေကို ဆီးရီးယား အစိုးရ ရုပ်မြင်သံကြား ကနေ တိုက်ရိုက် ပြသခဲ့ပါတယ်။

ပါလ်မိုင်းရား ရဲ့ ရပ်ကွက် ၃ ခုကို အစိုးရတပ်က အလုံးစုံ ထိန်းချုပ် နိုင်ပြီလို့ အစိုးရ ရုပ်သံက ကြေညာပါတယ်။

ပါလ်မိုင်းရားဟာ ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရှေးလက်ရာ အကြွင်းအကျန် တွေကြောင့် ထင်ရှားသလို ဆီးရီးယား ပြည်တွင်းစစ် မှာလည်း မဟာဗျူဟာ မြောက် အရေးပါနေပါတယ်။

တကယ်လို့ ပါလ်မိုင်းယားကို သာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ရင် ဆီးရီးယားထဲ IS တွေ အဓိက ခြေကုပ် ယူထားတဲ့ အရှေ့ဘက် နယ် တွေ အထိပါ ဆီးရီးယား အစိုးရတပ် အနေနဲ့ လမ်းပွင့် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ