ဘရပ်ဆဲလ်စ်ရင်ပြင်ကို လက်ျာစွန်း ဆန္ဒပြသမားတွေ စီးနင်း

_brussels_rights_wing_protest
Image caption မြို့လည် ရင်ပြင်ကို လူ အရေအတွက် ၄ ရာလောက်ရှိတဲ့ လက်ယာစွန်းရောက် ဆန္ဒပြသမားတွေ ဝင်ရောက် စီးနင်း။

ဘရပ်ဆဲလ်စ် မြို့ အတိုက်အခိုက် ခဲ့ရမှု အတွင်း သေဆုံးခဲ့ရသူတွေ ကို သတိရ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲ ပြုလုပ်နေတဲ့ မြို့လည် ရင်ပြင်ကို လူ အရေအတွက် ၄ ရာလောက်ရှိတဲ့ လက်ယာစွန်းရောက် ဆန္ဒပြသမားတွေ ဝင်ရောက် စီးနင်းခဲ့ကြတဲ့ အတွက် ဘယ်လ်ဂျီယံ အဓိကရုဏ်း နှိမ်နှင်းရေး ရဲတွေက ရေပိုက်တွေ နဲ့ထိုးပြီး ဖြိုခွဲ ခဲ့ရပါတယ်။

အဲဒီ့ လက်ျာစွန်း ဝါဒီ တွေဟာ အမည်းရောင် ဝတ်စုံတွေ ဝတ်ဆင် ထားပြီး တချို့လည်း မျက်နှာဖုံးတွေလည်း စွပ်ထားကြပါတယ်။

အဲဒီ့သူတွေဟာ ရင်ပြင် ဆုတောင်းပွဲထဲ ပါဝင်နေကြတဲ့ မွတ်ဆလင်မ် အမျိုးသမီးတွေ ကို ပစ်မှတ်ထားပြီး ဗျောက်အိုးတွေ နဲ့ ပစ်ပေါက် တာတွေ၊ နိုင်ငံခြားသား ဆန့်ကျင်ရေးနဲ့ လူဝင်ရောက်မှု ဆန့်ကျင်ရေး ကြွေးကျော်သံတွေ အော်ဟစ်တာမျိုးတွေ ပြုလုပ် ခဲ့ကြပါတယ်။

အဲဒီ့ ဆန္ဒပြသမားတွေ ကို မြို့ထဲထိ ရောက်လာအောင် အဝင်ခံခဲ့တဲ့ ဘယ်လ်ဂျီယံ ဗဟိုအစိုးရ အာဏာပိုင်တွေရဲ့ ပေါ့လျော့ ပျက်ကွက်မှုဟာ ရှက်စရာ ကောင်းလှတယ် လို့ ဘရပ်ဆဲလ်စ် မြို့တော်ဝန် အီဗော်န် မိုင်ယော် က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ