ပါလ်မိုင်းရားကို ပြန်သိမ်းနိုင်လို့ ဘန်ကီမွန်း ကြိုဆို

_syria_palmyra_syria_army_
Image caption ဆီးရီးယား အစိုးရ စစ်တပ် နဲ့ မဟာမိတ် တွေ ဟာ အကြမ်းဖက် ဝါဒ အပေါ် ထိထိရောက်ရောက် တိုက်ခိုက် နှိမ်နှင်းနိုင်တာ ကို ပြသနေတယ် လို့ သမ္မတ အာဆတ် ပြော။

ဆီးရီးယား နိုင်ငံ ထဲက ရှေးဟောင်းမြို့ ပါလ်မိုင်းရားကို ဆီးရီးယား အစိုးရတပ်က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက် နိုင်ခဲ့တဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်းက ကြိုဆို လိုက်ပါတယ်။

ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရှေးလက်ရာ အကြွင်းအကျန် တွေ ရှိတဲ့ ပါလ်မိုင်းရား ဟာ ပြီးခဲ့တဲ့ နှစ် မေလတုန်းက IS တွေ လက် ကျရောက် သွားခဲ့တာ ဖြစ်ပါတယ်။

သမိုင်းဝင် နေရာတွေ ကို ပြန်လည် မွမ်းမံ ထိန်းသိမ်းဖို့ ဆီးရီးယား အစိုးရက ကတိပြုထားတယ် လို့ လည်း မစ္စတာ ဘဲန်က ဆိုပါတယ်။

အစောပိုင်းတုန်း ကလည်း ဆီးရီယား အစိုးရတပ်ကို သမ္မတ ဘရှား အယ်လ် အာဆတ် က ချီးကျူး ဂုဏ်ပြု စကား ပြောခဲ့ပါတယ်။

ပါလ်မိုင်းရား မြို့သိမ်း တိုက်ပွဲ အောင်မြင်မှုကို ကြည့်ရင် ဆီးရီးယား အစိုးရ စစ်တပ် နဲ့ မဟာမိတ် တွေ ဟာ အကြမ်းဖက် ဝါဒ အပေါ် ထိထိရောက်ရောက် တိုက်ခိုက် နှိမ်နှင်းနိုင်တာ ကို ပြသနေတယ် လို့ သမ္မတ အာဆတ်က ဆိုပါတယ်။

ပါလ်မိုင်းရား မြို့ကို သိမ်းယူနိုင်ဖို့ ထိုးစစ်တွေ သီတင်း ၃ ပတ်ကြာ ဆင်နွှဲ ခဲ့တာမှာ ရှရှား တို့ရဲ့ လေကြောင်းပစ်ကူ ပေးမှု ကလည်း အဓိက နေရာ ကနေ ပါဝင်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ