ဘရပ်ဆဲလ်တိုက်ခိုက်မှု အဓိက သံသယရှိရသူကို ပြန်လွှတ်ပေး

brussels-bombings-suspects_ ဓာတ်ပုံ မူပိုင်
Image caption ဦးထုပ်ဆောင်ထားသူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မှတ်မိ သိရှိသူ ရှိရင် သတင်းပေးဖို့ မေတ္တာရပ်ခံ နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဘရပ်ဆဲလ်စ် မြို့တော်ကို တိုက်ခိုက်မှု ထဲ ပါဝင် ပတ်သက်ခဲ့တယ် ဆိုပြီး စွဲချက်နဲ့ ဖမ်းဆီး ထားသူ ဖေဆယ်လ်စီ ကို သက်သေ အထောက်အထား မခိုက်လုံတဲ့ အတွက် ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ပြန်လည် လွှတ်ပေး လိုက်ပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေထဲ ဇာဗဲန်တမ် လေဆိပ်ကို အသေခံ ဗုံးခွဲ ခဲ့သူ နှစ်ဦးနဲ့ အတူ ယှဉ်တွဲ တွေ့ခဲ့ရသူဟာ ဖေဆယ်လ်စီ ဖြစ်တယ် ဆိုတဲ့ ယူဆချက်နဲ့ ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

အခု အခါမှာတော့ နောက်ထပ် ကင်မရာ မှတ်တမ်း ဓာတ်ပုံတွေ ကို ဘယ်လ်ဂျီယံ ရဲတွေက အများပြည်သူထံ ထုတ်ပြန် လိုက်ပြီး၊ အသေခံ ဗုံးခွဲ သမားတွေ နဲ့ အတူ တွေ့ရတဲ့ ဦးထုပ်ဆောင်ထားသူ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မှတ်မိ သိရှိသူ ရှိရင် သတင်းပေးဖို့ မေတ္တာရပ်ခံ နေပါတယ်။

အခုလို ဖေဆယ်လ်စီ ကို ပြန်လွှတ် ပေးခဲ့တဲ့နောက်၊ ဗုံးသမား ၃ ဦး အပါအဝင် စုစုပေါင်း လူ ၃၅ ယောက် သေဆုံးခဲ့တဲ့ ဘရပ်ဆဲလ်စ် မြို့တော် အတိုက်အခိုက် ခံခဲ့ရမှု အပေါ် စုံစမ်း စစ်ဆေး နေတာ တွေဟာ ဘာမှ တိုးတက်တဲ့ ရလာဒ် ထွက်ပေါ် မလာ နိုင် ဖြစ်သွားရပါတယ်။

ဒီအချိန်မှာပဲ၊ ဥရောပ သမဂ္ဂ အဖွဲ့ အီးယူ ကတော့ ဘရပ်စ်ဆဲလ်စ် မှာ အခြေစိုက်ထားတဲ့ သူတို့ရဲ့ ရုံး အဆောက်အဦ တွေကို ဒီကနေ့ မတ်လ ၂၉ ရက် အင်္ဂါနေ့မှာ ပြန်လည် ဖွင့်လှစ် မယ် လို့ ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ