ပါကစ္စတန် တိုက်ခိုက်မှု မသင်္ကာသူတွေကိုဖမ်းဆီး

  • 28 မတ် 2016
Pakistan Lahore ဓာတ်ပုံ မူပိုင် AFP
Image caption ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့

ပါကစ္စတန် နိုင်ငံ Lahore မြို့မှာ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မသင်္ကာသူ တွေကို ပါကစ္စတန် လုံခြုံရေး ရဲတွေက လိုက်လံ ရှာဖွေပြီး အတော်များများကို ဖမ်းဆီးခဲ့ ပါတယ်။

အီစတာ တနင်္ဂနွေနေ့က ခရစ်ယာန် တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပြီး နောက်တစ်နေ့ မှာပဲ နိုင်ငံ ရဲ့ နေရာအနှံ့မှာ ဖမ်းဆီးခဲ့တာ လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။

လက်နက်တွေ အမြောက်အများကိုလည်း ဖမ်းဆီးမိခဲ့ကြောင်းလည်း စစ်တပ် ပြောရေးဆိုခွင့် ရှိသူ General Asim Bawja က ပြောပါတယ်။

ပါကစ္စတန် တာလီဘန် အဖွဲ့ ဖြစ်တဲ့ Jamaat-ul-Ahrar အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ပြောပါတယ်။

ဝန်ကြီးချုပ် နာဝါဇ် ရှာရစ်ဖ် ကတော့ အကြမ်းဖက်သမားတွေကို ချေမှုန်းသွားမယ်လို့ ပြောပါတယ်။