ဘရာဇီးသမ္မတ ဂျီမာရူးဆက်ဖ် နှုတ်ထွက်ဖွယ်ရှိ

dilma_rousseff_ ဓာတ်ပုံ မူပိုင် Getty
Image caption ဘရာဇီးသမ္မတ ဂျီမာရူးဆက်ဖ်

ဘရာဇီးသမ္မတ ဂျီမာရူးဆက်ဖ် ရင်ဆိုင်နေရ တဲ့ ပြဿနာ က ဆိုရင် ရာထူး က ဆင်းပေးရ မဲ့ အနေအထား အပြင် တရားစွဲ ခံရနိုင် တဲ့ အနေအထား ဖြစ်နေပါပြီ ။ အကြောင်း ကတော့ ဘရာဇီး ညွန့်ပေါင်း အစိုးရ ထဲက အင်အား အကြီးဆုံး ပါတီ PMDB Brazilian Democratic Movement Party မှ ဝန်ကြီးတွေ ရာထူးမှ နှုတ်ထွက် သွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

အဲဒီအတွက် အတိုက်အခံပါတီတွေ ဟာ လွှတ်တော်ထဲ မှာ အင်အား ကောင်းလာပြီး သမ္မတ ဂျီမာရူးဆက်ဖ် ကို အရေးယူတဲ့ဘက်ဆီ တွန်းပို့ နိုင်တဲ့ အခြေအနေ ရောက်သွား နိုင်လို့ ပါပဲ။ ဘရာဇီး နိုင်ငံ ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဟာ အခုဆိုရင် ရာထူး က ဖယ်ရှားခံရမဲ့ အနေအထား၊ အဂတိ လိုက်စားမှု၊ ပက်တြိုဘရပ်စ် ရေနံ လုပ်ငန်းကြီး အပေါ်မှာလည်း ငွေကြေးခဝါချမှု တွေ နဲ့ မကင်းဘူး ဆိုတဲ့ စွပ်စွဲချက် နဲ့ လည်း ငြိစွန်းနေပါပြီ။

PMDB ပါတီ မှ ဒုတိယ ခေါင်းဆောင် လီယိုနာဒို ကွင်တောဝ် က ဆိုရင် ဘရာဇီးနိုင်ငံ က ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ငွေကြေး ဌာန တွေ ကနေ အခုဆိုရင် သမ္မတဂျီမာရူးဆက်ဖ် လက်ထက်မှာ အလုပ်သမားတွေ အများအပြား အလုပ်ပြုတ် ကုန်ကြ တဲ့ အတွက် ဆက်လက် အားပေး ထောက်ခံမှု မပြုတော့ဘူး လို့ ပြောနေ ကြပါပြီ။ မနှစ် က ဆိုရင် အလုပ်သမား တသန်းခွဲ ခန့် အလုပ် ပြုတ် သွားပါတယ်။ အကြောင်း ကတော့ သမ္မတ အပေါ် မှာ ယုံကြည်မှု ကင်းမဲ့ရာ က ရင်းနှီးမြှုပ်နှံမှု တွေ မလုပ်ချင် ကြလို့ ဖြစ်ပါတယ် လို့ PMDB ပါတီ မှ ဒုတိယ ခေါင်းဆောင် လီယိုနာဒို ကွင်တောဝ် က ရှင်းပြပါတယ်။

ဒီပုံစံ နဲ့ ဆိုရင် သမ္မတဂျီမာရူဆက်ဖ် ဟာ လာမဲ့ မေလ မှာ ရာထူး က ဆင်းပေးရဘွယ် ရှိနေပြီး ဒုတိယ သမ္မတ မီရှဲတေမာ ကို အစားထိုး ခန့်အပ်ဖွယ် ရှိနေပါတယ်။ နိုင်ငံရေး အကျဉ်းအကျပ်ထဲ ရောက်နေတဲ့ သမ္မတဂျီမာရူဆက်ဖ် ဟာ ဒီသီတင်းပတ် အတွင်း ဝါရှင်တန် မှာ ကျင်းပ မဲ့ ထိပ်သီး ညီလာခံ တက်ရေးပါ ဖျက်သိမ်း လိုက်တယ် လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ