လေယာဉ် ပြန်ပေးဆွဲသူ လွှဲဖို့ အီဂျစ်ပြော

  • 30 မတ် 2016
cyprus
Image caption လေယာဉ်ပေါ် ပါလာသူ တွေ မထိမခိုက် ပြန်လွတ် ခဲ့

အီဂျစ် လေယာဉ် ပြန်ပေးဆွဲမှုနဲ့ မနေ့က ဆိုက်ပရပ် မှာ ဖမ်းထားတဲ့ အီဂျစ် လူမျိုးကို အီဂျစ် နိုင်ငံဘက် လွှဲပြောင်းပေးဖို့ တောင်းဆိုကြောင်း အီဂျစ် အစိုးရ ရုပ်သံက ပြောကြား ခဲ့ပါတယ်။

စိတ်ရောဂါ ခံစားနေရသူလို့ ဆိုတဲ့ ပြန်ပေးသမား Seif a-Din Mustafa ကို လေယာဉ်ကို အတင်းအကျပ် လမ်းကြောင်းပြောင်း မောင်းနှင် စေခဲ့ မှုနဲ့ ဆိုက်ပရပ် တရားရုံးက ရမန်ပေးပြီး ချုပ်နှောင်ထား တာဖြစ်ပါတယ်။

သူ လေယာဉ်ပေါ် ကို အသေခံ ဗုံးခွဲခါးပတ်တု တပ်ပြီး ပါလာတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လေယာဉ်ပေါ် ပါလာသူ တွေ မထိမခိုက် ပြန်လွတ်လာခဲ့ ပါတယ်။

သူ့နဲ့ ဆိုက်ပရပ်က ဇနီးဟောင်းကြား အဆင်မပြေ ဖြစ်တာကနေ ပြန်ပေးဆွဲတာလို့ ယူဆ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ