ကိုရီးယား နျူးကလီယား အရေး တင်းမာ

  • 1 ဧပြီ 2016
 north korea ဓာတ်ပုံ မူပိုင် AP
Image caption တောင်ကိုရီးယားမှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှု တွေရှိ

မြောက်ကိုရီးယား အနေနဲ့ နျူးကလီယား ရည်မှန်းချက်ကို စွန့်လွှတ်ဖို့ အမေရိကန် နဲ့ တရုတ်တို့က တောင်းဆို လိုက်ပြီး နာရီ အနည်းငယ် အတွင်းမှာပဲ မြောက်ကိုရီးယား ဟာ ဒုံးကျည် စမ်းသပ် ပစ်လွှတ် မှု ထပ်မံ ပြုလုပ် ပြလိုက်ပါတယ်။

မြောက်ကိုရီးယား ဟာ သူတို့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းကနေ ပင်လယ်ပြင်ဘက်ကို ဒုံးကျည် တစင်း ပစ်လွှတ် ခဲ့တာ ဖြစ်တယ် လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

နျူးကလီယား လုံခြုံရေး ထိပ်သီး အစည်းအဝေး ကို ဝါရှင်တန် မြို့တော် မှာ အမေရိကန် က အိမ်ရှင် အဖြစ် လက်ခံ ကျင်း ပ နေပြီး အမေရိကန် နဲ့ တရုတ် သမ္မတ တို့က မြောက်ကိုရီးယား အပေါ် နျူးကလီယား အရေး သတိပေး ပြောဆို နေချိန် မှာပဲ မြောက်ကိုရီးယား ဘက်က အခုလို တုံ့ပြန် လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ဘက်က နျူးကလီယား စမ်းသပ် ဖောက်ခွဲ မှု ပြုလုပ် ခဲ့တဲ့ ဇန်နဝါရီလ ကစလို့ ကိုရီးယား ကျွန်းဆွယ် မှာ နျူးကလီယား အရေး တင်းမာမှု တွေ မြင့်တက် နေပြီး အမေရိကန် နဲ့ တရုတ် အပါအဝင် နိုင်ငံတကာ က မြောက်ကိုရီးယား အပေါ် ကန့်သတ် ပိတ်ဆို့မှု အသစ် တွေ ထပ်မံ ချမှတ် ခဲ့ ပါတယ်။

အဲဒီ့ ပိတ်ဆို့မှု အသစ် တွေ ကို တင်းတင်း ကျပ်ကျပ် လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုအပ်တယ် ဆိုပြီး တရုတ် သမ္မတ ရှီကျင်းပင်က ပြောလာပါတယ်။

ဒီ ပြောဆိုမှု အပေါ် မြောက်ကိုရီးယား ရေကြောင်း ပို့ဆောင်ရေး ရဲ့ အကြီး အမှူး နမ်ယျောင်အေးလ် က ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

အမေရိကန် နယ်ချဲ့ တွေနဲ့ အပေါင်းအပါတွေ ဟာ ကျုပ်တို့ရဲ့ နျူးကလီယား ဗုံး ဖောက်ခွဲမှု အောင်မြင်တာတွေ၊ ဂြိုလ်တု ပစ်လွှတ် မှု အောင်မြင်တာတွေ အပေါ် အင်မတန် မှာ တုန်လှုပ် နေတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရဲ့ နာမည် ကို သုံးပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး တွေ လုပ်ဆောင် နေကြတာ ဖြစ်တယ် လို့ ပြောသွားပါတယ်။

ဆက်သွယ်ရေး ဂြိုလ်တု တွေ ကနေ တဆင့် တည်နေရာ လမ်းညွှန် ပေးတဲ့ GPS စံနစ် ကိုလည်း တောင်ကိုရီးယား နဲ့ နယ်စပ် တလျောက် မှာ မြောက်ကိုရီးယား က ရေဒီယို လှိုင်းတွေ အသုံးပြုပြီး ကြားဖြတ် နှောင့်ယှက် နေတယ် လို့ တောင်ကိုရီးယား အာဏာပိုင် တွေ က အစောပိုင်းတုန်းက ဆိုထားပါတယ်။

မြောက်ကိုရီးယား ရဲ့ နှောင့်ယှက်မှု ကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ပျံ နဲ့ သင်္ဘော တွေရဲ့ GPS စံနစ်တွေ ထိခိုက် ခဲ့ပြီး မိုဘိုင်း လက်ကိုင်ဖုံး လိုင်းတွေ လည်း ပျက်ကုန်တယ် လို့ ဆိုပါတယ်။

အာရှတိုက် အရှေ့မြောက် ဒေသ တစ်ခုလုံး အေးငြိမ်း တည်ငြိမ်ဖို့ နဲ့ မြောက်ကိုရီးယား ရဲ့ နျူးကလီယား ခြိမ်း ခြောက် မှု ရန် ကို တား မြစ် နိုင်ဖို့ အမေရိကန်၊ တရုတ် နဲ့ တောင်ကိုရီးယား ၃ နိုင်ငံ ကြား လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ဖို့ သဘောတူ ထားတယ် ဆိုပြီး သမ္မတ အိုဘားမား က ပြောထားပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ