အဇာဘိုင်ဂျန်မှာ တိုက်ပွဲ ပြင်းထန်

  • 2 ဧပြီ 2016
azerbaijan
Image caption အဇာဘိုင်ဂျန်မှာ တိုက်ပွဲတွေ ပြင်းထန်

အဇာဘိုင်ဂျန်နိုင်ငံက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ နာဂေါ်နို ကာရာဘတ်ခ် ဒေသမှာ အစိုးရတပ်တွေနဲ့ ခွဲထွက်ရေးသမားတွေ အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ်တွေကို အာမေးနီးယားက ထောက်ပံ့ပေးနေတဲ့ ကာရာဘတ်ခ် ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်ကတော့ အဇာဘိုင်ဂျန် အစိုးရတပ်တွေက တင့်ကားတွေ၊ အမြောက်လက်နက်ကြီးတွေနဲ့ ရဟတ်ယာဉ်တွေ သုံးပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတ ပူတင်ကလည်း အဲဒီ မှာ ချက်ခြင်းအပစ်အခတ်ရပ်စဲကြဖို့ကိုတောင်းဆိုလိုက်ပါတယ်။

နာဂေါ်နို ကာရာဘတ်ခ် ဟာ အာဇာဘိုင်ဂျန်ထဲမှာ ရှိနေပေမယ့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက်မှာ သူ့ပါလီမန်က အာမေးနီးယားနဲ့ ပေါင်းစည်းဖို့ မဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထဲ အပြစ်ရပ် ဖို့ သဘောတူထားခဲ့တာဖြစ်ပါတယ်။ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ပြောခွင့်ရ မာရီယာ ဇာခရိုဗာက မော်စကိုအနေနဲ့ တင်းမာမှုတွေ လျော့ကျနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နှစ်ဘက်စလုံးကို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ သည်းခံ စိတ်ရှည်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ဒီတိုက်ပွဲတွေ ဒီထက်ပိုပြီး ကျယ်ပြန့် မလာအောင်OSCE Minsk အဖွဲ့က လက်တွဲဖော်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပြီဖြစ်ကြောင်း ပြောပါတယ်။

နာဂေါ်နိုကာရာဘတ်ခ် ဟာ အာဇာဘိုင်ဂျန်ထဲမှာ ရှိနေပေမယ့် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးနောက်မှာ သူ့ပါလီမန်က အာမေးနီးယားနဲ့ ပေါင်းစည်းဖို့ မဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ အပြစ်ရပ်ဖို့ သဘောတူထားခဲ့တာဖြစ်ပါတယ်။