ဗြိတိသျှ ကစားသမားတွေ တားမြစ်ဆေးသုံးတယ်လို့ စွပ်စွဲမှု ထွက်ပေါ်

  • 2 ဧပြီ 2016
oping_atheletes ဓာတ်ပုံ မူပိုင် Getty
Image caption ထိပ်တန်း အကျော် အမော် အားကစား သမားတွေ ဆီက ပေါင်ငွေ အမြောက်အများ ယူပြီး တားမြစ်ဆေးဝါး တွေ ပေးခဲ့။

ဗြိတိန် နိုင်ငံတွင်း အားကစား လောကမှာလည်း တားမြစ်ဆေးဝါး သုံးစွဲမှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှု တွေ ထွက်ပေါ် လာပါတယ်။

Mark Bonar အမည်ရှိတဲ့ ဆရာဝန် တစ်ဦးဟာ ပရီမီယာလိဂ် ဘောလုံးသမားတွေ အပါအဝင် တင်းနစ် ကစားသမားတွေ၊ ပြိုင်ဘီး စီးသူတွေ နဲ့ ခရစ်ကက် ကစားသူတွေလို ထိပ်တန်း အကျော် အမော် အားကစား သမားတွေ ဆီက ပေါင်ငွေ အမြောက်အများ ယူပြီး တားမြစ်ဆေးဝါး တွေ ပေးခဲ့တယ် ဆိုပြီး ထိပ်တန်း ဗြိတိသျှ သတင်းစာ တစ်စောင် ဖြစ်တဲ့ The Sunday Times က ရေးသား လိုက်တာ ဖြစ်ပါတယ်။

စတီးရွိုတ်စ်၊ အီးပီးအို၊ အိတ်ချ်ဂျီအိတ်ချ် တို့လို ဟောမုန်းဆေးတွေ ကို ကို အားကစား သမား အယောက် ၁၅၀ ကို ပေးခဲ့တယ် ဆိုပြီး ဒေါက်တာ ဘိုနာ ကိုယ်တိုင် ပြောဆိုနေတာ ကို The Sunday Times က ဗီဒီယို လျှို့ဝှက် ရိုက်ကူးခဲ့ ပါတယ်။

ဒေါက်တာ ဘိုနာ ကတော့ စွပ်စွဲမှုတွေ ကို ငြင်းဆိုလိုက်ပြီး သူ့အနေနဲ့ အားကစား သမားတွေကို ဆေးဘက်ဆိုင်ရာ လိုအပ်လို့ ကုသ ပေးတာကလွဲပြီး အားကစား ပွဲတွေ မှာ စွမ်းဆောင်ရည် ကောင်းမွန်အောင် ဆိုတဲ့ ရည်ရွယ်ချက် မျိုးနဲ့ ဆေးဝါးတွေ ပေးခဲ့တာမျိုး မရှိဘူးလို့ တုံ့ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ