ဘရပ်ဆဲလ်စ်လေဆိပ် ပုံမှန်ပြန် လည်ပတ်နိုင်ဖို့ အချိန်ယူရမယ်

  • 2 ဧပြီ 2016
_brussels_airport_ ဓာတ်ပုံ မူပိုင်
Image caption ဘရပ်ဆဲလ်စ် မြို့တော် လေဆိပ် ဟာ ဇူလိုင်လ မတိုင်ခင် အထိ ပုံမှန် ပြန်လည် လည်ပတ် နိုင်ဦးမှာ မဟုတ်။

ပြီးခဲ့ သီတင်း နှစ်ပတ် နီးပါးက အသေခံ ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတဲ့ ဘရပ်ဆဲလ်စ် မြို့တော် လေဆိပ် ဟာ ဇူလိုင်လ မတိုင်ခင် အထိ ပုံမှန် ပြန်လည် လည်ပတ် နိုင်ဦးမှာ မဟုတ်သေးဘူး ဆိုပြီး လေဆိပ် အာဏာပိုင် တွေက ဆိုပါတယ်။

ဒီကနေ့ ဧပြီလ ၃ ရက် တနင်္ဂနွေ နေ့မှာ ဆိုရင် အီတလီ၊ ပေါ်တူဂီ နဲ့ ဂရိ နိုင်ငံ တွေ ကို သွားမယ့် လေယာဉ် ၃ စင်း ပဲ ရှိနေပါတယ်။

ဘရပ်စ်ဆဲလ် မြို့တော် လေဆိပ် မှာ ပုံမှန် ဆိုရင် တစ်နေ့ကို လေယာဉ် ၆၀၀ ကျော် အဝင်အထွက် ရှိခဲ့တာပါ။

အခုတော့ လေဆိပ် လုံခြုံရေး တွေ ဆက်လက် တင်းကြပ် ထားဆဲ ဖြစ်ပြီး လေဆိပ်ကို လာသမျှ မော်တော်ယာဉ် တွေ နဲ့ ခရီးသည် တွေ ကို ပိုက်စိတ်တိုက် ရှာဖွေ စစ်ဆေးနေ ပါတယ်။

ဒီ အချိန်မှာပဲ၊ ဘရပ်ဆဲလ်မြို့တော် မိုလန်ဘိတ်ခ် ဆိုတဲ့ ရပ်ကွက် ထဲ ဝင်ရောက် ဆန္ဒပြလိုတဲ့ လက်ျာစွန်းရောက် တွေ ကို ရဲတွေ က တားဆီး ထားပါတယ်။

ဒါ့အပြင် အဲဒီ့ လက်ျာစွန်းရောက် တွေကို တုံ့ပြန်ဖို့ စုဝေး လာကြတဲ့ ရပ်ကွက်ထဲက မြောက်အာဖရိက နွယ်ဖွား အများစု ဖြစ်တဲ့ လူငယ် တချို့ နဲ့ ရဲတွေ ကြားမှာလည်း ထိပ်တိုက် ရင်ဆိုင်မှု တွေ ဖြစ်ခဲ့ပြီး လူငယ နှစ်ဦး ဖမ်းဆီး ခံခဲ့ ရပါတယ်။

လက်ျာစွန်းရောက် တွေ နဲ့ ဆန့်ကျင်ဘက် လူမျိုးရေး ခွဲခြားမှု ကို ဆန့်ကျင်တဲ့ ဆန္ဒပြ အုပ်စုတစ်စု မြို့လယ် ရင်ပြင်မှာ အစောပိုင်းက စုဝေးခဲ့ကြတာမှာလည်း ဆန္ဒပြသမား တချို့ အဖမ်းဆီး ခံခဲ့ရပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ