နာဂိုနို-ခါရာဘာ့ခ်မှာ အနှစ် ၂၀ ကျော် အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပေါ်

agorno_karabagh_soldier_ ဓာတ်ပုံ မူပိုင် AFP
Image caption သံချပ်ကာ အမြှာက်ကားတွေ၊ ရဟတ်ယာဉ် တွေ နဲ့ လက်နက်ကြီးတွေ အသုံးပြု တဲ့ အထိ တိုက်ပွဲ တွေ ဖြစ်ပေါ်။

အာဇာဘာဂျန် နဲ့ အာမေးနီးယား နှစ်နိုင်ငံကြား ကောကေးဆပ် ဒေသ တစ်ခု ဖြစ်တဲ့ Nagorno-Karabakh (နာဂိုနို-ခါရာဘာ့ခ်) မှာ အနှစ် ၂၀ ကျော် အတွင်း အဆိုးရွားဆုံး အကြမ်းဖက် ဖြစ်ရပ် တွေ ဖြစ်ပေါ် ခဲ့လို့ အနည်းဆုံး လူ ၃၀ သေဆုံး သွားပါတယ်။

အာမေးနီးယား စစ်သား ၁၈ ဦး သေဆုံး ခဲ့ တယ်လို့ အာမေးနီးယား သမ္မတ ဆယ့်ချ် ဆာဂေဆီယန်း က ပြောသလို၊ အာဇာဘာဂျန် ဘက်ကလည်း သူတို့ စစ်သား ၁၂ ဦး သေဆုံး တယ်လို့ ဆိုပါတယ်။

သံချပ်ကာ အမြှာက်ကားတွေ၊ ရဟတ်ယာဉ် တွေ နဲ့ လက်နက်ကြီးတွေ အသုံးပြု တဲ့ အထိ တိုက်ပွဲ တွေ ဖြစ်ပေါ် ခဲ့ပြီး၊ ဘာကြောင့် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်လာရတာ လဲ ဆိုတာနဲ့ ပတ်သက်ပြီး အာဇာဘာဂျန် နဲ့ အာမေးနီးယား တစ်ဘက်ကို တစ်ဘက် ပြစ်တင် နေကြပါတယ်။

နာဂိုနို-ခါရာဘာ့ခ် ဒေသ စစ်ပွဲ ၁၉၉၄ ခုနှစ် မှာ ပြီးဆုံးခဲ့ ကတည်းက အဲဒီ့ နယ်မြေ ကို အာမေးနီးယား က ကျောထောက် နောက်ခံ ပြုထားတဲ့ ခွဲထွက် ရေး ဝါဒီတွေ ထိန်းချုပ် ထားတာ ဖြစ်ပြီး၊ ဘေးပတ်ချာလည် ကတော့ အာဇာဘာဂျန် နိုင်ငံ ပိုင်နက်မြေ တွေ ဖြစ်ပါတယ်။

အမေရိကန် နဲ့ ရုရှားတို့ က အာဇာဘာဂျန် နဲ့ အာမေးနီးယား နှစ်ဘက် တပ်တွေ ကိုယ်စီ ထိန်းထိန်းသိမ်းသိမ်း ပြုမူကြပါ လို့ တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ