ပါလ်မိုင်ရာ မြို့မှာ လူတွေ အစုံအပြုံလိုက် မြှုပ်နှံထားတာ တွေ့ရ

  • 2 ဧပြီ 2016
ပါလ်မိုင်ရာကို ဆီးရီးယား တပ်တွေ ပြန်သိမ်းနိုင်ခဲ့
Image caption palmyra

ဆီးရီးယား နိုင်ငံမှာ အစ္စလာမ်မစ် နိုင်ငံတပ်တွေ လက်က ပြန်လည် သိမ်းယူနိုင်ခဲ့တဲ့ ပါလ်မိုင်ရာ ရှေးဟောင်းမြို့ မှာ လူ ၄၀ လောက်ကို အစုလိုက်အပြုံလိုက် မြှုတ်နှံထားတာကို တွေ့ခဲ့ရတယ်လို့ ဆီးရီးယား စစ်ဘက်က ပြောပါတယ်။

အဲဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ အလောင်းတွေ ကိုလည်း တွေ့ခဲ့ရသလို တချို့ဆိုရင် ခေါင်းဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။

ပါလ်မိုင်ရာမြို့ဟာ အိုင်အက်စ် တွေလက်မှာ တနှစ်နီးပါး နေခဲ့ရတာဖြစ်ပြီး အဲဒီကာလအတွင်းမှာ စစ်သွေးကြွတွေက လူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီ သတ်ဖြတ်မှုတွေ ထဲမှာ ရောမခေတ်က ပြဇာတ်ရုံ နေရာမှာ လူ ၂၅ ဦးကို အစုအလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာလည်း ပါပါတယ်။