ဘရပ်ဆဲလ် လေဆိပ် ပြန်ဖွင့်

  • 3 ဧပြီ 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ဘရပ်ဆဲလ် လေဆိပ်ဝန်းထဲမှာ လုံခြုံရေးတွေ ထူထူထပ်ထပ်ချထား

ဘယ်လ်ဂျီယမ်နိုင်ငံမှာ လူ၁၆ဦး သေဆုံးခဲ့ရတဲ့ အသေခံ ဗုံးခွဲမှု ဖြစ်ပွားအပြီး ၁၂ရက်အကြာ ဧပြီလ ၃ရက်နေ့မှာ ဘရပ်ဆဲလ်စ်မြို့ လေဆိပ်ကို ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

ပထမဆုံးနေ့မှာ လေယာဉ်ခရီးစဉ် ၃ခုကိုပဲ ပြန်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်။

အရင်က ဘရပ်ဆဲလ် လေဆိပ်မှာ တနေ့ကို လေယာဉ် ခရီးစဉ်ပေါင်း ၆၀၀ကျော် ပြေးဆွဲခဲ့ပါတယ်။

လေဆိပ်ဝန်းထဲ ဝင်လာတဲ့ ကားမှန်သမျှကို စစ်ဆေးမှုတွေ လုပ်နေပြီး လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားပါတယ်။

ဇွန်လကုန်တဲ့အထိ ဝန်ဆောင်မှုလုပ်ငန်းတွေ အပြည့်အဝ လုပ်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။