ငွေကြေးခဝါချပေးတဲ့ ပနားမား ရှေ့နေရုံးနဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ ဆက်စပ်နေ

panama_paper_mossack_fonseca
Image caption မော့စ်ဆက် ဖွန်ဆေးကား ဆိုတဲ့ ကုမ္ပဏီဟာ တကမ္ဘာလုံး အနှံ့က သူတွေကို အခွန် အင်မတန် သက်သာတဲ့ ပင်လယ်ရပ်ခြား နေရာတွေမှာ လုပ်ငန်း ကုမ္ပဏီတွေ ထူထောင် ပေးခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

နိုင်ငံ့ အကြီးအကဲ၊ ဒါမှမဟုတ် နိုင်ငံ အကြီးအကဲ အနေနဲ့ ထမ်းဆောင် ဖူးကြသူ စုစုပေါင်း လူဦးရေ ၇၂ ယောက် နဲ့ ပနားမား လျှို့ဝှက် ရှေ့နေရုံး တစ်ရုံးနဲ့အကြား ဆက်စပ် နေတာ တွေကို ဖော်ပြနေတဲ့ စာရွက်စာတမ်း တွေ ပေါက်ကြားမှု ဖြစ်ပေါ် လာပါတယ်။

အဲဒီ့ ရှေ့နေရုံးဟာ သူတို့ဆီ အလုပ်အပ်သူ တချို့ကို ငွေကြေးခဝါ ချပေးတာ၊ အခွန်ရှောင်ပေးတာ နဲ့ နိုင်ငံတကာ ပိတ်ဆို့ ကန့်သတ်မှုတွေ ကို ကျော်လွှားပေးတာ မျိုးတွေ ပြုလုပ် ပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ စာရွက်စာတမ်းတွေ ကို ဂျာမန် သတင်းစာ တစ်စောင်က ရရှိခဲ့တာ ဖြစ်ပြီး၊ ဘီဘီစီ လည်း တွေ့မြင် ခဲ့ရပါတယ်။

အဲဒီ့ စာရွက်စာတမ်းတွေ အရ Mossack Fonseca (မော့စ်ဆက် ဖွန်ဆေးကား) ဆိုတဲ့ ကုမ္ပဏီဟာ တကမ္ဘာလုံး အနှံ့က သူတွေကို အခွန် အင်မတန် သက်သာတဲ့ ပင်လယ်ရပ်ခြား နေရာတွေမှာ လုပ်ငန်း ကုမ္ပဏီတွေ ထူထောင် ပေးခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

ဒါ့အပြင် ရုရှား သမ္မတ ပူတင်နဲ့ နီးစပ်သူတွေ ပါဝင် ပတ်သက်နေတဲ့ ရုရှား ဘဏ်တစ်ခုက ဦးစီးကာ ဒေါ်လာပေါင်း သန်းထောင်ချီပြီး ငွေကြေး ခဝါချခဲ့တယ် ဆိုတာကိုလည်း အဲဒီ့ စာရွက်စာတမ်း တွေ က ဖော်ပြ နေပါတယ်။

မော့စ်ဆက် ဖွန်ဆေးကား ကုမ္ပဏီကတော့ သူတို့ ထူထောင် ပေးတဲ့ ပင်လယ်ရပ်ခြား ကုမ္ပဏီ တွေဟာ ဥပဒေနဲ့ ညီညွတ်ပြီး အသေအချာ စီစစ်ပြီး မှ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ရဲ့ မဆီမလျော် ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝမ်းနည်းရပါကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ