အိန္ဒိယရဲ ၄၇ ယောက်ကို ထောင်ဒဏ် တစ်သက်ချ

_policeman_india_police_ ဓာတ်ပုံ မူပိုင် THINKSTOCK
Image caption ဆစ်ခ် ဘာသာရေး ဘုရားဖူး ၁၀ ဦး ကို ပစ်ခတ် သတ်ဖြတ် ခဲ့မှု နဲ့ ရဲ အရာရှိ ၄၇ ယောက်ကို ထောင်ဒဏ် တစ်သက် ချမှတ်။

အိန္ဒိယ နိုင်ငံမှာ တရားရုံးတော် တစ်ခု က ရဲ အရာရှိ ၄၇ ယောက်ကို ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်က ဆစ်ခ် ဘာသာရေး ဘုရားဖူး ၁၀ ဦး ကို ပစ်ခတ် သတ်ဖြတ် ခဲ့မှု နဲ့ အဲဒီလို ပစ်ခတ်ရတာ ဟာ လိုအပ်လို့ ပြုလုပ် ရတာ ဖြစ်တယ် ဆိုပြီး လှည့်ဖြား ထွက်ဆို မှုတွေ ကြောင့် အပြစ်ရှိတယ် လို့ တရားရုံးတော် က ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ်ပြည်နယ် မှာ ဆစ်ခ် မိသားစုဝင် တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို ရဲတွေ က တားမြစ် ရပ်တန့် စေခဲ့ပြီး တဲ့နောက် ခရီးသည်တွေ ထဲက အမျိုးသား ၁၀ ဦးကို အင်အားသုံး ခေါ်ဆောင် သွားကြကာ တောအုပ်ထဲ ပစ်သတ် ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့နောက်မှာတော့ လက်နက်ကိုင် စစ်သွေးကြွတွေ ဖြစ်လို့ ပစ်ခတ် ခဲ့ရတာ ဖြစ်ပြီး ရဲ တွေ က ထွက်ဆို ခဲ့ပါတယ်။

အဲဒီ့ အချိန်က အိန္ဒိယ နိုင်ငံမှာ ခွဲထွက်ရေးဝါဒီ ဆစ်ခ် လက်နက်ကိုင် အဖွဲ့တွေလည်း အစိုးရ နဲ့ တိုက်ခိုက် နေချိန် ဖြစ်ပါတယ်။

လူဆိုးတွေ ကို နှိမ်နှင်း နိုင်လို့ ဆိုပြီး ရရှိမယ့် ဆုကြေးငွ တွေ ကို မက်မောတဲ့ အတွက် ရဲတွေဟာ အဲဒီလို သတ်ဖြတ် ခဲ့တာ ဆိုပြီး အစိုးရ အမှုလိုက် ရှေ့နေ တွေ က တရားစွဲဆို ခဲ့တာ ဖြစ်ပါတယ်။

အမှုမှာ ပတ်ဝင် ပတ်သက်နေတဲ့ နောက်ထပ် ရဲ ၁၀ ဦး ကတော့ ကွယ်လွန် နှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ