ဘရပ်ဆဲလ် ဗုံးကွဲမှုတွေနဲ့ ဆက်စပ်ပြီး လူတချို့ကို ဖမ်းဆီး

  • 8 ဧပြီ 2016
_paris_attack_abrini_
Image caption ဘရပ်ဆဲလ်စ် မြို့တော် လေဆိပ်ကို အသေခံ ဗုံးခွဲ တိုက်ခိုက် မှု မှာ အသက် မသေ ပဲ လွတ်မြောက် နေတဲ့ တတိယမြောက် ဦးထုပ်နဲ့လူ ဆိုတာ အဲဒီ့ မိုဟာမက်ဒ် အဘရီနီး ပဲ လား ဆိုတဲ့ အချက်ကို ဖော်ထုတ် နိုင်ဖို့ ကြိုးစား နေ ဆဲ ဖြစ်။

ဘရပ်ဆဲလ်စ်မြို့တော် ကို အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့မှုတွေ နဲ့ ဆက်စပ် ပြီး သောကြာ နေ့တုန်းက ဖမ်းဆီး ခဲ့တဲ့ သူတွေ ထဲ က တစ်ယောက် ဟာ ဘယ်လ်ဂျီယံ နိုင်ငံသား မိုဟာမက်ဒ် အဘရီနီး ဆိုသူ ဖြစ်ကြောင်း ဘယ်ဂျီယံ အစိုးရ ရှေ့နေ တွေက အတည်ပြုပါတယ်။

အဲဒီ့သူ ဟာ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာ လတုန်း က ပဲရစ် မြို့တော် ကို တိုက်ခိုက် ခဲ့မှု တွေ နဲ့ ဆက်စပ် ပြီး တော့လည်း အာဏာပိုင်တွေ က အလိုရှိနေသူ တစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် ဘရပ်ဆဲလ်စ် မြို့တော် လေဆိပ်ကို အသေခံ ဗုံးခွဲ တိုက်ခိုက် မှု မှာ အသက် မသေ ပဲ လွတ်မြောက် နေတဲ့ တတိယမြောက် ဦးထုပ်နဲ့လူ ဆိုတာ အဲဒီ့ မိုဟာမက်ဒ် အဘရီနီး ပဲ လား ဆိုတဲ့ အချက်ကို ဖော်ထုတ် နိုင်ဖို့ ကြိုးစား နေ ဆဲ ဖြစ်တယ်လို့လည်း ဘယ်လ်ဂျီယံ တရားရေး ဌာန အာဏာပိုင် တွေက ဆိုပါတယ်။

သောကြာ နေ့တုန်းက ဖမ်းဆီး ခဲ့တဲ့ သူတွေ ထဲက နောက် တစ်ဦး ဖြစ်တဲ့ အိုစမာ ကေ ဆိုသူ ကတော့ ဘရပ်ဆဲလ်စ် မြေအောက် ရထား ဘူတာရုံ ကို အသေခံ ဗုံးခွဲ ခဲ့သူ တစ်ဦးကို စကား လှမ်းပြော နေတာ ကို လုံခြုံရေး ဗီဒီယို မှတ်တမ်း ထဲ တွေ့ ထားရသူ ဖြစ်နိုင်ကြောင်း ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ