ပုပ်ရဟန်းမင်းကြီး လမ်းညွှန်ချက်သစ် ထုတ်ပြန်

  • 8 ဧပြီ 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝေဖန်မှုတွေ လျှော့ပြီး စာနာ သနားစိတ် ပိုပြကြဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ လမ်းညွှန်ချက်သစ်ထဲမှာ တိုက်တွန်းထား

ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေရဲ့ အချစ်ရေး၊ လိင်ဆက်ဆံမှု၊ အိမ်ထောင်သားမွေးပြုမှုတွေနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်သစ်တခုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်စ်က ထုတ်ပြန်လိုက်ပြီး ပုံမှန် မဟုတ်တဲ့ အခြေအနေမျိုးမှာ ရှိနေသူတွေကို ဝေဖန်ပြစ်တင်တာမျိုးတွေ လျှော့ပြီး စာနာ သနားစိတ် ပိုပြကြဖို့ ခရစ်ယာန် ဘုန်းကြီးတွေကို ပုပ်ရဟန်းမင်းကြီးကပန်ကြားလိုက်ပါတယ်။

ရိုမန်ကက်သလစ် ခရစ်ယာန် ကျမ်းစာကို ပြင်ဆင် ပြောင်းလဲတာမျိုး မလုပ်ပဲ ဂိုဏ်းအုပ် ဘုန်းတော်ကြီးတွေ အနေနဲ့ သက်ဆိုင်ရာ နိုင်ငံရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ခရစ်ယာန်ဘာသာကို သင်ကြား ပို့ချပေးခွင့် ပြုသင့်တယ်လို့ အဲဒီ လမ်းညွှန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီလမ်းညွှန်ချက်သစ်အရ ကက်သလစ် ဘုန်းတော်ကြီးတွေအနေနဲ့ ဒုတိယအကြိမ် အိမ်ထောင်ပြုသူ တခုလပ်တွေကို ယေရှုခရစ်ရဲ့ နောက်ဆုံးညစာ အထိမ်းအမှတ် ပွဲတော်စာ စားခွင့်ပြုတာမျိုးတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။