အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် အပြီး ကာဘူးလ်မှာ ဗုံးတွေကွဲ

kerry_afghn_
Image caption မစ္စတာ ကယ်ရီ ရဲ့ လေယာဉ် အာဖဂန် မြေ ပေါ်က ပြန်လည် ထွက်ခွာ ပြီး မကြာခင် မှာပဲ၊ ကာဘူးလ် မြို့တော် ရဲ့ သံတမန် ရပ်ကွက် ထဲ အနည်းဆုံး ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပေါ် လာ။

အာဖဂန် နစ္စတန် မှာ ပြိုင်ဘက် ခေါင်းဆောင် တွေ ဖြစ်တဲ့ အာရှရက်ဖ် ဂါနီ နဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ တို့ အကြား အာဏာ ခွဲဝေပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့ ထား နိုင်တဲ့ သဘောတူ ညီမှု အတွက် အဆုံးသတ်ရက် ဆိုတာမျိုး သတ်မှတ်ထားတာ မရှိဘူး ဆိုပြီး အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ပြောပါတယ်။

အာဖဂန် ညွန့်ပေါင်း အစိုးရ သက်တမ်းဟာ လာမယ့် စက်တာဘာလ ဆိုရင် ပြီးဆုံး မှာ ဖြစ်တယ် ဆိုတဲ့ ခန့်မှန်း ပြောဆို မှု တွေ အပေါ် ဝန်ကြီး ကယ်ရီ က တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်။

ကာဘူးလ် မြို့တော် မှာ ရောက်ရှိနေတုန်း မစ္စတာ ကယ်ရီ က အခုလို ပြောခဲ့တာပါ။

မစ္စတာ ကယ်ရီ ရဲ့ လေယာဉ် အာဖဂန် မြေ ပေါ်က ပြန်လည် ထွက်ခွာ ပြီး မကြာခင် မှာပဲ၊ ကာဘူးလ် မြို့တော် ရဲ့ သံတမန် ရပ်ကွက် ထဲ အနည်းဆုံး ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပေါ် လာပြီး သေနတ်သံတွေလည်း ထွက်ပေါ်လာ တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

ထိခိုက်သေဆုံးစာရင်း ကို အတိတကျ မသိရသေးသလို၊ ဘယ်အဖွဲ့ ရဲ့ လက်ချက် ဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ