ဦးထုပ်နဲ့ တတိယလူ ဖြစ်ကြောင်း အဘရီနီး ဝန်ခံ

abrini_belgium_attacks_
Image caption လုံခြုံရေး ဗီဒီယို မှတ်တမ်းတွေ ထဲ တွေ့ နေရတဲ့ ဦးထုပ်နဲ့သူ ဖြစ်တယ် ဆိုတာ ကို ဝန်ခံ။

ဘရပ်ဆဲလ်စ် မြို့တော် အတိုက်အခိုက် ခံရမှုမှာ ပါဝင် ပတ်သက် နေသူ ဆိုတဲ့ သံသယ နဲ့ ဖမ်းဆီး ထားတဲ့ မိုဟာမက်ဒ် အဘရီနီ ဟာ ဘရပ်စ်ဆဲလ်စ် လေဆိပ် ကို အသေခံ ဗုံးခွဲခဲ့သူ နှစ်ဦး နဲ့ အတူ တွဲပြီး လုံခြုံရေး ဗီဒီယို မှတ်တမ်းတွေ ထဲ တွေ့ နေရတဲ့ ဦးထုပ်နဲ့သူ ဖြစ်တယ် ဆိုတာ ကို ဝန်ခံ ခဲ့ပြီ ဖြစ်တယ် လို့ ဘယ်လ်ဂျီယံ ဗဟို အစိုးရ ရှေ့နေ တွေက ပြောပါတယ်။

မိုဟာမက်ဒ် အဘရီနီ ဟာ ပဲရစ်မြို့တော် ကို တိုက်ခိုက် ခဲ့မှု တွေ ထဲမှာလည်း အဓိက လက်သည် တစ်ဦး အဖြစ် ယူဆ ခံထားရသူ ဖြစ်ပါတယ်။

ဧပြီလ ၉ ရက် စနေနေ့ ကပဲ မိုဟာမက်ဒ် အဘရီနီ အပါအဝင် လူ ၄ ဦးကို ဘရပ်ဆဲလ်မြို့တော် လေဆိပ် နဲ့ မြေအောက် ဘူတာရုံမှာ ဗုံးခွဲခဲ့မှု နဲ့ ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ က ပုဒ်မတပ် တရားစွဲဆို လိုက်ပြီ ဖြစ်ပါတယ်။

ဘရပ်ဆဲလ်စ် လေဆိပ် တိုက်ခိုက်မှု အတွင်း သူ့မှာ ပါလာတဲ့ ဗုံးကို လွှင့်ပစ် ခဲ့ပြီး လွတ်အောင် ပြေးခဲ့တာ ဖြစ်ကြောင်း နဲ့ သူ ရုပ်ဖျက်ဖို့ရာ ဆောင်းခဲ့တဲ့ ဦးထုပ်ကိုလည်း ရောင်းချ ခဲ့ကြောင်း အဘရီနီ က ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေ တွေ ထံမှာ ထွက်ဆို ခဲ့ပါတယ်။

အဘရီနီ နဲ့ အတူ ပုဒ်မ တပ်ခံရသူတွေ ထဲက တစ်ဦး ကတော့ ဆွီဒင် နိုင်ငံသား အိုစမာ ခရေယမ် ဆိုသူ ဖြစ်ပြီး၊ ဘရပ်ဆဲလ်စ် မြို့ မြေအောက်ဘူတာရုံ မဲလ်ဘိတ်ခ် ကို ဗုံးခွဲ တိုက်ခိုက်သူ နဲ့ အတူ ရှိနေ ခဲ့တဲ့ တစ်ယောက် အဖြစ် ဖော်ထုတ် ထား နိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ