တိုက်ချင်းပစ် မစ်ဆိုင်းဒုံး အင်ဂျင် မြောက်ကိုရီးယား စမ်းသပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption အဲဒီစမ်းသပ်မှုကို ကင်ဂျုန်အန်း ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ ဆို

မြောက်ကိုရီးယား အစိုးရက တိုက်ချင်းပစ် မစ်ဆိုင်းဒုံးတခုအတွက် အင်ဂျင်သစ်တမျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်းနဲ့ အဲဒီစမ်းသပ်မှုကြောင့် အမေရိကန်နိုင်ငံအပေါ် မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်နိုင်စွမ်းကို ပိုအားကောင်းလာစေမှာ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီစမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုန်းအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့တာလို့ မြောက်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဇန္နဝါရီလက ၄ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့တဲ့ မြောက်ကိုရီးယားကို ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ထပ်လုပ်ခဲ့ပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေဖြစ်စေမယ့် လုပ်ရပ်တွေ၊ လေလုံးထွားမှုတွေကို ဆင်ခြင်ဖို့ မြောက်ကိုရီးယားကို အမေရိကန် နိုင်ငံခြားရေး ဌာနက ထပ်မံ တိုက်တွန်းလိုက်ပါတယ်။