အိန္ဒိယ ဘုရားကျောင်း မီးလောင်

  • 10 ဧပြီ 2016
Image caption မီးရှူးမီးပန်းတွေ ပုံကြီးက ဒေသစံတော်ချိန် မနက် ၃ နာရီ ခွဲမှာ ပေါက်ကွဲထွက်ခဲ့တဲ့အတွက်အဲဒီ ဘုရားကျောင်း ပြိုကျ

အိန္ဒိယ နိုင်ငံ ကယ်ရာလာ ပြည်နယ်တွင်းမှာ ဟိန္ဒူ ဘုရားကျောင်း တခုအတွင်း မီးရှုးမီးတွေ စုထားတဲ့နေရာက ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကယ်ရာလာပြည်နယ် ခိုလမ် ခရိုင် အတွင်းက ကမ်းရိုးတန်းမြို့လေးတမြို့ဖြစ် တဲ့ ပရာဘာ မြို့မှာ ဒီအဖြစ်ဆိုးဖြစ်ခဲ့တာပါ။

အဲဒီ က ဟိန္ဒူဘုရားကျောင်း အတွင်းမှာ မီးရှူးမီးပန်းတွေ ပုံကြီးက ဒေသစံတော်ချိန် မနက် ၃ နာရီ ခွဲမှာ ပေါက်ကွဲထွက်ခဲ့တဲ့အတွက်အဲဒီ ဘုရားကျောင်း ပြိုကျခဲ့တဲ့အပြင် အနီးဝန်းကျင် က အိမ်တွေ လည်း ပျက်ဆီးတဲ့အထိ ပြင်းထန်ခဲ့တာပါ။

အခုအချိန်အထိ သေဆုံးသူ တစ်ရာကျော် ရှိနေပြီး ဒီအဖြစ်ဆိုးဖြစ်ရာနေရာကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ လည်း သွားနေသလို အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး ရှပ်ရှနာဆင်း က လည်း အလွန်ကိုကြေကွဲစရာကောင်းတဲ့အဖြစ်ပါလို့ ပြော ပါတယ်။ အခုဒီမီးရှူးမီးပန်းတွေ က အဲဒီဘုရားကျောင်းမှာ နှစ်ကူးပွဲအတွက် ပြင်ဆင်ထားတာပါ။ ဒေသဆိုင်ရာအစိုးရ ကတော့ သူတို့အနေနဲ့ လုံခြုံရေး အရ စိတ်မချရတာတွေ ရှိတဲ့အတွက် ဒီမီးရှူးမီပန်းတွေ မဖောက်ကြဖို့ မလှောင်ထားကြဖို့ တားမြစ်ထားတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ပွဲတော်လာတဲ့သူတွေ က ဒီလိုမီးရှူးမီးပန်းတွေ လုပ်ဖို့ အတွက် ဖိအားတွေ ပေးခဲ့တယ် လို့ လည်း ဒေသခံတွေ က ပြောတာတွေ ရှိပါတယ်။

ပေါက်ကွဲစဉ်က ကွန်ကရိ အုတ်ခဲတုံးတွေ လေထဲကို ပေါက်ကွဲလွင့်စဉ် ခဲ့ပြီး စင်ထွက်လာတဲ့ အုတ်ခဲတုန်း က တကီလိုမီတာ အကွာအဝေး နေရာ ကိုတောင် ရောက်ရှိထိခိုက်စေခဲ့တယ် လို့ ဘေးဒုက္ခဖြစ်ခဲ့တဲ့ သူတယောက် က ပြောပါတယ်။

အိန္ဒိယက ဘာသာရေးပွဲတော်တွေမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေ က ဖြစ်ခဲပါတယ်။

လူတွေ ပိတ်ကျိတ်မိပြီးလူအုပ်လဲပြိုကာ နင်းမိ သေဆုံးကြရတဲ့အဖြစ်ဆိုးတွေ ဖြစ်လေ့ရှိပါတယ်။

ဘာသာရေးပွဲတော်တွေမှာ လုံခြုံမှု ထိန်းသိမ်းရေး၊ လူအုပ်စုတွေကြောင့်အန္တရာယ်မဖြစ်စေရေးအတွက် အများကြီး စိမ်ခေါ်မှုတွေ ရှိရတဲ့အထဲအခု အဖြစ်အပျက် က နောက်ထက် သတိပေးမှုတွေ ထွက်လာစေမှာတော့အမှန်ပါ။

အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့အဖြစ်မှာလည်း အဲဒီ ဘုရားကျောင်းနေရာတဝိုက်မှာ လူတွေ ထောင်ပေါင်းများ စွာ ရှိနေကြစဉ် ဖြစ်ခဲ့တာပါ။

ဒီအဖြစ်ကြောင့် လူအုပ် တွေလည်း ကသောင်းကနင်းဖြစ်ခဲ့ကြရပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ကလည်း ခပ်မြန်မြန်ဆန်ဆန် ရောက်လာတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောနေပါတယ်။