ရွှေ့ပြောင်း ဝင်ရောက်သူတွေကို မက်ဆီဒိုနီးယား ရဲတွေ ဖြိုခွဲ

  • 10 ဧပြီ 2016
_macedonia_
Image caption မက်ဆီဒိုးနီးယား ရဲတွေ က မျက်ရည်ယိုဗုံးတွေ အပါအဝင် အဓိကရုဏ်း ဖြိုခွဲရေးသုံး လက်နက်တွေ နဲ့ ပစ်ခတ်။

ဂရိနိုင်ငံ ဘက်ကနေ မက်ဆီဒိုးနီးယား ထဲ ဝင်ရောက်ဖို့ ကြိုးစား ခဲ့ကြတဲ့ ရွှေ့ပြောင်းသူတွေ ကို မက်ဆီဒိုးနီးယား ရဲတွေ က မျက်ရည်ယိုဗုံးတွေ အပါအဝင် အဓိကရုဏ်း ဖြိုခွဲရေးသုံး လက်နက်တွေ နဲ့ ပစ်ခတ် ခဲ့တဲ့ အတွက် ရွှေ့ပြောင်းသူ အယောက် ၃၀၀ ဝန်းကျင် လောက် ထိခိုက် ဒဏ်ရာရ သွားတယ် လို့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က ပြောပါတယ်။

အသက်ရှုကြပ်တဲ့ ဝေဒနာ ခံစားရသူ အယောက် ၂၀၀ လောက် ကို ကုသ ပေးခဲ့ရသလို၊ ပလတ်စတစ် ကျည်ဆံ ကြောင့် ဒဏ်ရာရသူ တွေလည်း ရှိတယ်လို့ MSF အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

နယ်စပ် ခြံစည်းရိုးကို ဖယ်ရှားဖို့ ကြိုးစား ကြတာကို တားဆီးနေတဲ့ မက်ဆီဒိုးနီးယား ရဲတွေလည်း ရွှေ့ပြောင်းသူ လူအုပ်ထဲက လူငယ် တချို့က ခဲနဲ့ ပစ်ပေါက်ကြတာ ကို ခံခဲ့ရပါတယ်။

မြောက်ဥရောပဆီ ရောက်ဖို့ ရွှေ့ပြောင်းသူတွေ ဖြတ်သန်း ဝင်ရောက် နေတဲ့ ဘော်ကန် ဒေသ နိုင်ငံ တွေ ဟာ သူတို့ရဲ့ နယ်စပ် ဝင်ပေါက် ထွက်ပေါက် တွေ ကို ပိတ်ချ ထား ပါတယ်။

မက်ဆီဒိုးနီးယား နဲ့ ဂရိ နယ်စပ် ဂရိ ဘက်ခြမ်းမှာ ရွှေ့ပြောင်းသူ တစ်သောင်းတစ်ထောင် ကျော် သောင်တင် ပိတ်မိ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ