အယ်လ် ကာရာတန် မြို့ကို ဆီးရီးယား အော်သိုဒေါ့စ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး သွားရောက်

  • 10 ဧပြီ 2016
syrian_christians ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား ခရစ်ယာန် တွေ ဟာ ကမ္ဘာပေါ်က ခရစ်ယာန် အသိုင်းအဝိုင်းတွေ ထဲ ရှေးအကျဆုံးထဲ ပါဝင် ပါတယ်။

ဆီးရီးယား နိုင်ငံ ထဲ ခရစ်ယာန် အသိုင်းအဝိုင်း ရှိတဲ့ မြို့ တစ်မြို့ ဖြစ်တဲ့ အယ်လ်- ကာရာတန် မြို့ကို ရုရှား က ကျောထောက် နောက်ခံ ပေးထားတဲ့ အစိုးရတပ် တွေ ပြန်လည် သိမ်းပိုက် ခဲ့ အပြီး မှာတော့၊ ဆီးရီးယား အော်သိုဒေါ့စ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး အဲဒီ့ မြို့ကို သွားရောက် ခဲ့ ပါတယ်။

ဆီးရီးယား ခရစ်ယာန် တွေ ဟာ ကမ္ဘာပေါ်က ခရစ်ယာန် အသိုင်းအဝိုင်းတွေ ထဲ ရှေးအကျဆုံးထဲ ပါဝင် ပါတယ်။

ဆီးရီးယား အော်သိုဒေါ့စ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒုတိယမြောက် အစ်ဂ်နေးရှပ်စ် အက်ပ်ဖရမ် က ဆီးရီးယား လူ့အဖွဲ့အစည်းတွင်း ပြည်လည် သွေးစည်း ညီညွတ် ကြဖို့ တိုက်တွန်း ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တုန်းက အယ်လ်- ကာရာတန် မြို့ ဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ လက်အောက် ကျရောက် ခဲ့ရပြီး အချိန်မှီ ထွက် မပြေး နိုင်ခဲ့တဲ့ ခရစ်ယာန် ၃၀၀ လောက် မြို့ထဲ ကျန်ရစ် ခဲ့တာမှာ အဲဒီ့ ထဲက ၂၁ ယောက် အသတ် ခံခဲ့ ရတယ် လို့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး က ဘီဘီစီ ကို ပြောပါတယ်။

ကျန်သူတွေကိုလည်း မိသားစု တွေက ငွေပေးပြီး ရွေးခဲ့ကြရတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ရှေးဟောင်း ကက်သလစ် ဘာသာရေး အဆောက်အဦ အပါအဝင် အယ်လ်- ကာရာတန် မြို့ တစ်မြို့လုံး နီးပါးကို IS လက်နက်ကိုင်တွေ ဖျက်စီးခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ