ပင်လယ်ရပ်ခြား ငွေစာရင်းတွေကို ပိုတင်းကြပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် ဆောင်ရွက်လာ

  • 12 ဧပြီ 2016
_samantha_cameron_ ဓာတ်ပုံ မူပိုင် Getty
Image caption ဝန်ကြီးချုပ် ကင်မရွန် ကိုယ်တိုင် ပင်လယ်ရပ်ခြားမှာ ငွေစုရှယ်ယာတွေ ပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုတဲ့ အချက် ပေါ်ထွက် ခဲ့။

ပင်လယ်ရပ်ခြားမှာ ထားရှိတဲ့ ငွေစာရင်းတွေ ကို အသုံးပြုပြီး ငွေကြေးဆိုင်ရာ မသာမာမှု တွေ ပြုလုပ်ဖို့ ပိုခက်ခဲ လာစေအောင် ရည်ရွယ်တဲ့ တင်းကြပ်မှု တွေ ကို ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ကြေညာ လိုက် ပါတယ်။

ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်မြေ အများစု ဟာ အခွန်လုံးဝ မကောက်ခံတဲ့ ဒါမှမဟုတ် အခွန် အင်မတန် လျှော့ပေါ့ ထားတဲ့ နယ်မြေ ဒေသ တွေ ဖြစ်နေပါတယ်။

အခု အခါမှာတော့ အဲဒီ့ နယ်မြေဒေသက အာဏာပိုင် တွေ ဟာ ဘဏ္ဍာရေး ဆိုင်ရာ သတင်းအချက်အလက်တွေ ကို ဗြိတိန် အစိုးရကို အသိပေး မျှဝေ ရတော့မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ကင်မရွန် ကိုယ်တိုင် ပင်လယ်ရပ်ခြားမှာ ငွေစုရှယ်ယာတွေ ပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုတဲ့ အချက် ပေါ်ထွက် ခဲ့ တဲ့နောက်၊ အဲဒီလို ပင်လယ်ရပ်ခြားက ပိုင်ဆိုင်မှု တွေ နဲ့ ငွေစာရင်းတွေ ကို အသုံးပြု ပြီး ငွေကြေး ခဝါချတာမျိုး၊ အခွန် ရှောင်လွှဲတာမျိုး ကိစ္စတွေ အပေါ် ပိုမို တင်းကြပ် ကိုင်တွယ်ဖို့ မစ္စတာ ကင်မရွန် ဖိအားပေး ခံနေရပါတယ်။

အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျရမီ ကိုဘင်က အင်မတန် ချမ်းသာတဲ့ သူတွေ အတွက် ဥပဒေကတစ်မျိုး၊ ကျန်သူတွေ အတွက် တစ်မျိုး ဖြစ်နေတဲ့ အခြေအနေ အပေါ် အများပြည်သူတွေ ဒေါသထွက်နေကြတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ