အမေရိကန်ထဲ ဇီကာ အန္တရာယ်ဟာ ထင်ထားတာတွေထက် အများကြီး ပိုဆိုးနေ

  • 11 ဧပြီ 2016
zika_microcefalia ဓာတ်ပုံ မူပိုင် Getty
Image caption မွေးရာပါ ချို့ယွင်းချက် တွေ ရှိတဲ့ ကလေးတွေ ဖွားမြင်လာတာ နဲ့ ဇီကာ ဗိုင်းရပ်စ် ကြား အဆက်အစပ် ရှိနေ။

အမေရိကန် ပြည်ထောင်စု အတွင်း ဇီကာ ဗိုင်းရပ်စ် ကူးစက် ပြန့်နှံ့ ခဲ့တဲ့ ပမာဏ ဟာ အရင် ခန့်မှန်း ထားတာထက် အများကြီး ပိုပြီး ကျယ်ပြန့် တယ် လို့ ကျန်းမာရေး အာဏာပိုင် တွေက သတိပေး လိုက်ပါတယ်။

ဇီကာ ဗိုင်းရပ်စ် အန္တရာယ် ဟာ အာဏာပိုင်တွေ ထင်ထားတာထက် ပိုပြီး ကြောက်စရာ ကောင်းတယ် ဆိုတာကို အာဏာပိုင် တွေ အခု သိလာခဲ့ပြီ လို့ ရောဂါ ထိပ်ချုပ်ရေးနဲ့ ကာကွယ်ရေး ဌာန က အဲန်း ရှုးချက်ထ် က ပြောပါတယ်။

မွေးရာပါ ချို့ယွင်းချက် တွေ ရှိတဲ့ ကလေးတွေ ဖွားမြင်လာတာ နဲ့ ဇီကာ ဗိုင်းရပ်စ် ကြား အဆက်အစပ် ရှိနေပြီး၊ အမေရိကန် မှာ ကိုယ်ဝန်ဆောင် မိခင် တွေဟာ ဇီကာ ကူးစက် ခံ ရနိုင်တဲ့ အန္တရာယ် ရှိခဲ့တာ ကြာမြင့်နေပြီ ဖြစ်တယ် လို့ ဒေါက်တာ ရှုးချက်ထ် က ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ထဲက ပြည်နယ် ပေါင်း ၃၀ မှာ ဇီကာ ဗိုင်းရပ်စ် သယ်ဆောင် နိုင်တဲ့ ခြင် အမျိုးအစားကို တွေ့ထား ရတယ် လို့လည်း ဒေါက်တာ ရှုးချက်ထ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ