ပဲရစ်တိုက်ခိုက်မှုနဲ့ ဆက်စပ်သူတွေ ထပ်ဖမ်း

  • 12 ဧပြီ 2016
Brussels Terror Raids ဓာတ်ပုံ မူပိုင် Reuters
Image caption အကြမ်းဖက် တိုက်ခိုက်မှု အန္တရာယ်ကို သတိထား နေကြ

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်ကို တိုက်ခိုက်ခဲ့မှုနဲ့ ဆက်စပ်သူတွေကို စုံစမ်း စစ်ဆေးမှု အရ နောက်ထပ် လူ ၃ ယောက်ကို ဘယ်လ်ဂျီယံ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဘရပ်ဆဲလ် မြို့တော်က အိမ်တစ်အိမ်မှာ ရဲတွေ စီးနင်းပြီး သူတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

စောစောပိုင်းကတော့ ပြီးခဲ့တဲ့လက ဘရပ်ဆဲလ် မြို့တော်က လေယာဉ်ကွင်းနဲ့ မြေအောက် ဘူတာရုံကို တိုက်ခိုက်ခဲ့မှုနဲ့ ဆက်စပ်နေသူ နှစ်ယောက်ကို အကြမ်းဖက်မှုနဲ့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေက စွဲချက်တင်လိုက် ပါတယ်။

Smail F နဲ့ Ibrahim F လို့သာ သိရတဲ့ အဲဒီလူ နှစ်ယောက်ဟာ မြို့လယ်ခေါင်က တိုက်ခန်း တစ်ခုကို ဗုံးခွဲသမားတွေ ပုန်းခိုနေဖို့ ငှားရမ်းရာမှာ ကူညီခဲ့သူတွေ အဖြစ် သင်္ကာမကင်း ခံရတာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ဟာ ညီအစ်ကိုတွေ ဖြစ်တယ်လို့ ယူဆကြပြီး တိုက်ခန်းငှားဖို့ အစ်ကို ဖြစ်သူက ကူညီခဲ့ပြီး ညီဖြစ်သူ ကတော့ ရဲတွေ မလာခင် အထောက်အထားတွေ ဖယ်ရှားဖို့ တိုက်ခန်းကို ရှင်းလင်း ခဲ့တာ ဖြစ်နိုင်တယ်လို့ ဘယ်လ်ဂျီယံ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ