တရုတ်က ရေတိမ်တွင်းတွေ သောက်သုံးဖို့ မသင့်

  • 12 ဧပြီ 2016
China Water Pollution ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်နိုင်ငံမှာ ရေညစ်ညမ်းမှု အစီရင်ခံစာ ထွက်လာ

တရုတ် နိုင်ငံမှာ မြေအောက် ရေတိမ်တွင်း၈၀ ရာခိုင်နှုန်းကျော်ဟာ အလွန် ညစ်ညမ်း နေပြီး သောက်သုံးဖို့သာမက ရေချိုးဖို့တောင် မသင့်လျော်ဘူးလို့ စမ်းသပ်မှုတွေ အရ ဖော်ပြနေပါတယ်။

တရုတ်နိုင်ငံရဲ့ ရေ အရင်းအမြစ်ဆိုင်ရာ ဝန်ကြီးဌာန က နိုင်ငံအရှေ့ပိုင်း က မြေပြန့်ဒေသက ရေတွင်းပေါင်း နှစ်ထောင်ကျော်ကို စမ်းသပ်ခဲ့ရာမှာ ၃၀ ရာခိုင်နှုန်းလောက်သာ လယ်ယာ စိုက်ပျိုးရေးနဲ့ စက်မှု လုပ်ငန်းတွေမှာ သုံးနိုင်တာ တွေ့ရပါတယ်။

ရေနမူနာ ၅၀ ရာခိုင်နှုန်းနီးပါးက လူတွေအတွက် ဘယ်လို ပုံစံနဲ့မှ အသုံးမပြုသင့်ဘူးလို့ ဆိုပါတယ်။

မြို့ကြီး အများစုဟာ သောက်ရေအတွက် ရေလှောင်ကန်ကြီးတွေနဲ့ မြေအောက် ရေနက်တွင်းတွေကနေ ရယူဖြန့်ဖြူးတာ ဖြစ်ပြီး အဲဒီရေတွေက ဘေးကင်းတယ်လို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။

အစိုးရက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချဖို့ လုပ်နေချိန်မှာ အခုကိန်းဂဏန်းတွေထွက်လာတာဖြစ်ပါတယ်။

အခုဝန်ကြီးဌာနရဲ့ အစီရင်ခံစာကို ပြည်တွင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြ နေကြလို့ သောက်သုံးရေအတွက် စိုးရိမ်မှုတွေ ဖြစ်လာနေပါတယ်။

ဒါကြော့င် အခုတွေ့ရှိချက်ဟာ အရှေ့မြောက်ကျေးလက်ဒေသက ရေတိမ်တွင်းတွေကို စမ်းသပ်မှုသာ ဖြစ်တယ်လို့ ရှင်းလင်းချက် ထပ်ထုတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ