တရုတ်နိုင်ငံမှာ လိင်တူလက်ထပ်မှုပယ်ချခံရ

  • 13 ဧပြီ 2016
တရုတ်လိင်တူချစ်သူစုံတွဲ
Image caption တရုတ်လိင်တူချစ်သူစုံတွဲ

တရုတ်နိုင်ငံရဲ့ ပထမဆုံး လိင်တူခြင်း လက်ထပ်တဲ့ အမှုမှာ လိင်တူအမျိုးသား ၂ယောက် လက်ထပ်တာကို အသိအမှတ်ပြုဖို့ လျှောက်ထားတာကို တရုတ် တရားသူကြီးက ပယ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံ ချန်ရှာမြို့မှာ အသက်၂၇နှစ်အရွယ် Sun Wenlinက လိင်တူလက်ထပ်တာကို မှတ်ပုံတင် လျှောက်ထားရာမှာ အဲဒီလို ပယ်ချခံရလို့ မြို့နယ် အာဏာပိုင်တွေကို တရားစွဲဆိုတဲ့ အမှုဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ လိင်တူ ချစ်သူတွေဟာ လူသိရှင်ကြား မင်္ဂလာအခမ်းအနားတွေ လုပ်တာမျိုး ပြည်ပမှာသွား လက်ထပ်တာမျိုး ပြုလုပ်ခဲ့ပေမယ့် တရားဥပဒေအရ အသိအမှတ်အပြု မခံရပါဘူး။

ဒါပေမယ့် လိင်တူချစ်သူတွေရဲ့အမှုကို ပထမဆုံး တရားရုံးမှာ ကြားနာ စစ်ဆေးတာဟာ သဘောထား အမြင်တွေ ပြောင်းလဲလာတဲ့ လက္ခဏာလို့ သတင်းထောက်တွေကပြောပါတယ်။