တောင်ကိုရီးယား ပါလီမန်ရွေးကောက်ပွဲကျင်းပ

  • 13 ဧပြီ 2016
တောင်ကိုရီးယား ရွေးကောက်ပွဲ ဓာတ်ပုံ မူပိုင် Skorea campaign group
Image caption တောင်ကိုရီးယား ရွေးကောက်ပွဲ

တောင်ကိုရီးယားနိုင်ငံ ပါလီမန်ရွေး ကောက်ပွဲ မဲပေးခဲသူတွေကိုမေးတဲ့ သဘောထား စစ်တမ်းတွေအရ အာဏာရ ပါတီမှသမ္မတ Park Geun-hyeဟာ အမျိုးသား လွှတ်တော်မှာ အများစုအနိုင်ရနေတာကို ဆုံးရှုံးနိုင်တာ တွေ့ရပါတယ်။

စောစောပိုင်းကတော့ သူ့ရဲ့ ဗဟိုမှ လက်ယာယိမ်းတဲ့ ဆေနူရီပါတီအနေနဲ့ ကွဲနေတဲ့ အတိုက်အခံတွေကို အလွယ်တကူ အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ ဒီစစ်တမ်းသာမှန်ရင် အစိုးရဲ့စီးပွားရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေကို မဲဆန္ဒရှင်တွေ မကြေနပ်တာ သေချာတယ်လို့ တောင်ကိုရီးယားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အလုပ်သမားစျေးကွက်မှာ ပိုဆွဲဆောင်မှုရှိအောင် အလုပ်ရှင်က အလုပ်ခန့်ခွင့် အလုပ်ဖြုတ်ခွင့်ပြုတဲ့ အစိုးရရဲ့မူဝါဒကို လူထုက မကြိုက်တာလည်းဖြစ်ပါတယ်။