ဒရော့ဂ်ဘာ ဖောင်ဒေးရှင်းအပေါ် မေးခွန်းထုတ်နေ

drogba_fondation_ ဓာတ်ပုံ မူပိုင်
Image caption အလှူငွေ ဒေါ်လာ ၂.၄ သန်း ထဲကနေ တကယ်တမ်း အိုင်ဗရီကို့စ် နိုင်ငံထဲ ရောက်သွားတဲ့ ပမာဏ ဟာ ၁ % တောင်မှ မရှိ။

ဗြိတိန် နိုင်ငံထဲက ပရဟိတ အဖွဲ့အစည်းတွေ ရဲ့ စီမံ လှုပ်ရှားပုံတွေ ကို ကြီးကြပ်တဲ့ ကော်မရှင်က ချယ်ဆီး ကစားသမားဟောင်း ဒီဒီယာ ဒရော့ဂ်ဘာ တည်ထောင် ထားတဲ့ ဖောင်ဒေးရှင်း အဖွဲ့ ဆီကို စာရေးသားပြီး အဖွဲ့ရဲ့ လှုပ်ရှားပုံတွေ နဲ့ ပတ်သက်လို့ သူတို့ အနေနဲ့ ဘဝင်မကျ စရာတွေ ကြီးကြီးမားမား ရှိနေတယ် လို့ အသိပေး လိုက်ပါတယ်။

ဒါ့ကြောင့် ဒီဒီယာ ဒရော့ဂ်ဘာ ဖောင်ဒေးရှင်း ရဲ့ ပယ်လယ်ရပ်ခြား အခြေစိုက် ဘဏ္ဍာထိန်း တွေ ဆီက လာတဲ့ အချပ်အလက် ကိန်းဂဏန်းတွေ ကို စောင့်ကြည့် တာ အပါအဝင်၊ ဖောင်ဒေးရှင်း အနေနဲ့ အလှူခံ ရရှိ ထားပေမယ့် အသုံးမပြု ပဲ ထားတဲ့ ငွေကြေး တွေ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မှု တွေ ပြုလုပ် မယ် လို့ ကြီးကြပ်ရေး ကော်မရှင် အကြီးအကဲ ဒေးဗစ် ဟိုးလ်ဒ်စ်ဝါ့သ် က ပြောပါတယ်။

ဒရော့ဂ်ဘာရဲ့ မွေးရပ်မြေ ဖြစ်တဲ့ အိုင်ဗရီကို့စ်ထ် နိုင်ငံထဲက အကူအညီ လိုအပ် နေသူတွေ ကို ပေးဖို့ ဆိုပြီး ဗြိတိန် နိုင်ငံ မှာ ကောက်ခံ ရရှိ ထားတဲ့ အလှူငွေ ဒေါ်လာ ၂.၄ သန်း ထဲကနေ တကယ်တမ်း အိုင်ဗရီကို့စ် နိုင်ငံထဲ ရောက်သွားတဲ့ ပမာဏ ဟာ ၁ % တောင်မှ မရှိဘူး ဆိုပြီး ဗြိတိသျှ သတင်းစာ ဒေးလီးမေးလ် က ရေးသား ခဲ့ပါတယ်။

ဒီဒီယာ ဒရော့ဂ်ဘာ ကတော့ ရရှိထားတဲ့ ရံပုံငွေ တွေဟာ ရေရှည် စီမံကိန်း တွေ အတွက် ဖြစ်ပြီး သင့်တော်တဲ့ အချိန် ရောက်လာတဲ့ အခါ သုံးစွဲမှာ ဖြစ်တယ် ဆိုပြီး ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် ဒေးလီးမေးလ် သတင်းစာရဲ့ စွပ်စွဲမှု တွေဟာ အချက်အလက်အရ မှန်ကန်ခြင်း မရှိပဲ၊ သူ့အနေနဲ့ ဥပဒေကြောင်း အရ အရေးယူဖို့ လုပ်လာကောင်း လုပ်လာနိုင်တယ် လို့လည်း ဒီဒီယာ ဒရော့ဂ်ဘာ က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ