တောင်တရုတ်ပင်လယ်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ပူးတွဲကင်းစလှည့်

  • 14 ဧပြီ 2016
Image caption အရင်လက စပြီးတောင်တရုတ်ပင်လယ်မှာ ဖိလိပိုင်နဲ့ ပူးတွဲကင်းလှည့်နေတဲ့ အမေရိကန်ရေတပ်

တရုတ်တို့က သူတို့ ပိုင်တယ်လို့ ပြောနေတဲ့ ကျွန်းတွေရှိရာ တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ ပူးတွဲကင်းလှည့်တာတွေ စလုပ်နေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ပြောပါတယ်။

တရုတ်တို့ရဲ့ တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားမှုတွေ စစ်ရေး ချဲ့ထွင်မှုတွေကြောင့် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေက စိုးရိမ်မှုတွေကို ၊ ဒေသတွင်းနဲ့ ကမ္ဘာ့တဝန်း ညီလာခံတွေမှာ ဖေါ်ပြပြောဆိုနေကြောင်း၊ အဲဒီနိုင်ငံအတော်များများဟာ အမေရိကန်ရဲ့ မဟာမိတ်တွေ မိတ်ဆွေနိုင်ငံတွေဖြစ်ပြီး အကူအညီတောင်းခံတာတွေရှိကြောင်း မနီလာမြို့ကိုရောက်နေတဲ့ မစ္စတာကာတာက ပြောခဲ့ပါတယ်။

လောလောဆယ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန် လေတပ်နဲ့ မရိန်းတပ်သား ၃၀၀ လောက် ပါဝင်ကြပြီး သူတို့ဟာ ဖိလစ်ပိုင်မှာ ဒီလကုန်လောက်ထိ နေကြမှာဖြစ်ပါတယ်။ နောင်မှာ အလှည့်ကျ လူလဲသွားမယ်လို့ ဆိုပါတယ်။