အီးယူလှည့်ကင်းတွေကြောင့် လူ့အသက်တွေ ကယ်နိုင်တယ်လို့ဆို

_mogherini_eu ဓာတ်ပုံ မူပိုင် AP
Image caption လူမှောင်ခို ပြဿနာကို ထိန်းသိမ်း ကိုင်တွယ် ရေးမှာ ဥရောပ အနေနဲ့ ပြီးခဲ့တဲ့ ၆ လ အတွင်း မြန်မြန်ဆန်ဆန် ဆောင်ရွက် ခဲ့တယ် လို့ ဆို။

ဗဟိုပိုင်း မြေထဲပင်လယ် ဒေသမှာ ဥရောပ နိုင်ငံတွေက ပြုလုပ်ခဲ့တဲ့ ရေပြင် လှည့်ကင်း တွေ ကနေ တဆင့် လူမှောင်ခို ဂိုဏ်းတွေကို ထိထိရောက်ရောက် ဟန့်တား နိုင်ခဲ့ပြီး အသက်ပေါင်း များစွာကို ကယ်တင် နိုင်ခဲ့တယ်လို့ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ရဲ့ နိုင်ငံခြားရေး မူဝါဒ ပိုင်း ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကား မိုဂီရီးနီးက ပြောပါတယ်။

မြေထဲပင်လယ်ထဲ နေရာချထားတဲ့ အီတလီ လေယာဉ်တင် သင်္ဘောပေါ်မှာ ရောက်နေတဲ့ မစ္စ မိုဂီရီးနီး နဲ့ ဘီဘီစီ စကားပြောခဲ့တာမှာ လူမှောင်ခို ပြဿနာကို ထိန်းသိမ်း ကိုင်တွယ် ရေးမှာ ဥရောပ အနေနဲ့ ပြီးခဲ့တဲ့ ၆ လ အတွင်း မြန်မြန်ဆန်ဆန် ဆောင်ရွက် ခဲ့တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကဆိုရင် ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရေအတွက် အမြောက်အများ ပင်လယ် ဖြတ်ကူး ကြရင်းသား အသက် ဆုံးရှုံး ခဲ့ရတဲ့ အတွက် ဥရောပ နိုင်ငံတွေ အတွက် မျက်နှာပန်း မလှ အရှက်ရခဲ့ရတာ နဲ့ နှိုင်းယှဉ်ရင် အခု အချိန်မှာ အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့တဲ့ ကယ်ဆယ်ရေး လုပ်ငန်း တွေ အတွက် အီးယူ အဖွဲ့ အနေနဲ့ ဂုဏ်ယူ ရမှာ ဖြစ်တယ်လို့လည်း မစ္စ မိုဂီရီးနီးက ဆိုပါတယ်။

အီတလီ ကမ်းစောင့်တပ်ရဲ့ အဆိုအရ ပြီးခဲ့တဲ့ တနင်္လာနေ့က စလို့ လစ်ဗျား နိုင်ငံကနေ ပင်လယ်ဖြတ် လာကြတဲ့ ရွှေ့ပြောင်းသူ အရေ အတွက် ၄ ထောင်ကျော် ရှိပြီး အများစုဟာ အီတလီ ကမ်းရိုးတန်း တွေဆီ ဆိုက်ရောက် လာခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ