ဂျပန်တောင်ပိုင်း ၂၄ နာရီ ကျော် အချိန်အတွင်း ဒုတိယအကြိမ် ငလျင်လှုပ်

  • 15 ဧပြီ 2016
_japan_quake
Image caption ဒုတိယ အကြိမ် ပင်မ ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင် အသေးစား တွေ လည်း လှုပ်ခတ်။

ဂျပန်နိုင်ငံ ကူမာမိုတို မြို့အနီးမှာ ပြင်းအား ပမာဏ ၇.၁ ရှိတဲ့ အင်အားပြင်းထန်တဲ့ ငလျင် တစ်ခု ထပ်မံ လှုပ်ခတ် ခဲ့ပြန် ပါတယ်။

ကြာသာပတေး နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသမှာ ပဲ ၂၄ နာရီ ကျော်ကျော်လေး အတွင်းမှာ ဒုတိယ အကြိမ် ထပ်ပြီး လှုပ်ခဲ့တာ ဖြစ်ပါတယ်။

ကူမာမိုတို မြို့ပေါ်မှာ အတော်လေး အထိခိုက် အပျက်အစီး များပြားပြီး အဆောက်အဦတွေ ပြိုကျ ခဲ့သလို၊ နေရာ တချို့မှာ မီးလောင် နေပြီး၊ ဆေးရုံ လည်း ထိခိုက် သွားတဲ့ အတွက် လူနာ တွေကို ကယ်ထုတ် ခဲ့ရပါတယ်။

နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ ဒီတစ်ခေါက် ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိ ခဲ့ကြပါတယ်။

နေအိမ်တွေက နေ ကယ်ထုတ် လလာခဲ့ရတဲ့ ထောင်နဲ့ ချီတဲ့ လူတွေဟာ တချို့လည်း စောင်တွေ ခြုံရင်းသား လမ်းမပေါ်တွေ၊ ပန်းခြံတွေ မှာ ထိုင်နေကြတာ ကို ရုပ်မြင်သံကြား မှာ တွေ့နေ ရပါတယ်။

အဆောင်အဦတွေထဲ ပိတ်မိနေကြတဲ့ သူတွေ လည်း ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိ ထားပါတယ်။

အခု ဒုတိယ အကြိမ် ပင်မ ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင် အသေးစား တွေ လည်း လှုပ်ခတ် ခဲ့ပါတယ်။

ငလျင်ကြောင့် ဘယ်လောက် အတိုင်းအတာထိ ထိခိုက် ပျက်စီး သွားသလဲ ဆိုတာကို အတိတကျ သိနိုင်ဖို့ အစိုးရက ဆောင်ရွက် နေတယ် ဆိုပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ